Live
Home
မြန်မာသတင်း
တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး မြန်မာနိုင်ငံကိုရောက်ရှိမည်  
DVB
·
December 31, 2020
တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို ၂၀၂၁ ခုနှစ် အစောပိုင်းကာလမှာ မြန်မာနိုင်ငံကို ရောက်ရှိမယ့် အခြေအနေမှာ ရှိနေတယ်လို့ ပေကျင်းမြို့မှာရှိတဲ့ မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံမှ ထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို တရုတ်အစိုးရက ၂၀၂၀ ဇွန်လမှာ ခွင့်ပြုပေးခဲ့ပြီး စတင်သုံးစွဲခဲ့တဲ့ အချိန်ကစပြီး မြန်မာသံရုံးအနေနဲ့ တရုတ်နိုင်ငံရဲ့ ကာကွယ်ဆေးထုတ်လုပ်မှု စမ်းသပ်မှုနဲ့ သုံးစွဲမှုတွေကို သေချာလေ့လာစောင့်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။  တရုတ်နိုင်ငံဟာ ကာကွယ်ဆေးစမ်းသပ်ထုတ်လုပ်မှုနဲ့ အဆင့်လိုက်စမ်းသပ်မှုတွေမှာ အောင်မြင်နေပြီး အစိုးရအသိအမှတ်ပြု အရေးပေါ် ခွင့်ပြုချက်ရရှိထားတဲ့ Sinopharm နဲ့ Sinovac Botech တို့ကို ဆက်သွယ်ပြီး မြန်မာသံအမတ်ကြီးက သွားရောက်တွေ့ဆုံခဲ့သလို တချိန်တည်းမှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။  ပေကျင်းမြို့ မြန်မာသံရုံးမှ မြန်မာသံအမတ်ကြီးနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန Sinopharm Sinovac နဲ့ တခြား ရောဂါကာကွယ်ရေးသုတေသနဌာနတွေနဲ့ တွေ့ဆုံဆွေးနွေးမှု ၃၁ ကြိမ်ပြုလုပ်ခဲ့တယ်လို့ သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024