အပြောင်းအရွှေ့ကိစ္စ လီဗာပူးအသင်းအပေါ် မူတည်ဟု ဆာလက် ပြော

ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတွေဆီ ပြောင်းရွှေ့မလားဆိုတာ လီဗာပူးအသင်းပေါ်မှာပဲ မူတည်တယ်လို့ တိုက်စစ်မှူး ဆာလက်က ပြောပါတယ်။ ဆာလက်ဟာ လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားတွေ ရယူနိုင်ခဲ့ပြီးနောက် စပိန်ထိပ်တန်းကလပ် နှစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ အသင်းတွေက စိတ်ဝင်စားလာတာပါ။ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတွေက ထိပ်တန်းအသင်းတွေဖြစ်ပြီး အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူးလို့ ဆာလက်က စပိန်သတင်းစာ AS ကို ပြောခဲ့တာပါ။  လက်ရှိအချိန်မှာတော့ လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလားတွေ ထပ်ရအောင် လုပ်ဆောင်ဖို့ အာရုံစိုက်ထားပြီး အပြောင်းအရွှေ့ကိစ္စအားလုံးက လီဗာပူးအသင်း ပေါ်မှာပဲ မူတည်တာလို့ ဆိုပါတယ်။  ဆာလက်ဟာ ခရစ္စတယ်ပဲလေ့ကို ၇ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ပွဲထွက်ခွင့်မရခဲ့ပေမဲ့ လူစားဝင်ကစားပြီး ၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up