အာဖဂန်ငြိမ်းချမ်းရေးအတွက် တာလီဘန်အဖွဲ့ ပါကစ္စတန် လာရောက်

တာလီဘန်ကိုယ်စားလှယ်တဖွဲ့ဟာ ပါကစ္စတန်နိုင်ငံရဲ့ မြို့တော်ကို ဒီဇင်ဘာ ၁၆ ရက်က ၃ ရက်ကြာလာရောက်ပြီး အာဖဂန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ နှစ်ဘက်စလုံးက တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။  ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရပ်နားထားချိန်မှာ ညှိနှိုင်းအကြံယူတာတွေ ဆက်လုပ်နေ ဆဲပါ။  တာလီဘန် စစ်သွေးကြွအုပ်စုရဲ့ ထိပ်တန်း နိုင်ငံရေးခေါင်းဆောင် မူလာ အဗ်ဒူ ဂါနီ ဘာရာဒါ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံခြားရေးဝန်ကြီး ရှားမာမွတ်ကူရေးရှီးနဲ့ နိုင်ငံခြားရေးရုံးမှာ တွေ့ဆုံပါတယ်။ သူတို့ဟာ ခရီးစဉ်အတွင်း ဝန်ကြီးချုပ် အမ်ရမ်ခန်းနဲ့လည်း တွေ့ဆုံမယ်လို့ ပါကစ္စတန် နိုင်ငံခြားရေးရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။  သူတို့ ခေါင်းဆောင်တွေ အချင်းချင်းလည်း ပါကစ္စတန်နိုင်ငံထဲမှာ အစည်းအဝေး ကျင်းပလိမ့်မယ်လို့ ဒိုဟာမြို့က တာလီဘန်နိုင်ငံရေးသတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာ သတင်းဌာန ကို ပြောပါတယ်။  တာလီဘန်တွေဟာ အစ္စလာမ်မာဘတ်မြို့ကို သြဂုတ်လက လာရောက် ခဲ့ပါသေးတယ်။ အဲဒီနောက် အာဖဂန်အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒိုဟာမြို့မှာ စတင် ကျင်းပခဲ့ပါတယ်။  အမေရိကန်အစိုးရကတော့ အာဖဂန်နစ္စတန် နိုင်ငံထဲက သူ့တပ်တွေ ပြန်ဆုတ်ခွာချိန်မှာ နိုင်ငံရေးအခြေကျဖို့ တွန်းအားပေးနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up