ရန်ကုန်ဆေးရုံကြီးသို့ အပတ်စဉ်လာရောက် ကင်ဆာဆေးကုသနေသူများ အခက်ကြုံနေ (ဓာတ်ပုံ)
DVB
·
December 17, 2020
ကိုဗစ်ကာလမှာ ကင်ဆာရောဂါအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ဆေးကုသသူတွေအနေနဲ့ ကွာရန်တင်းဝင်ဖို့အခက်အခဲ၊ ခရီးစရိတ် အခက်အခဲတွေ ကြောင့် နေရပ်သို့မပြန်နိုင်ဘဲ ဆေးရုံကြီး ဝန်းကျင်မှာ နေထိုင်ကြကာ စားရေးသောက်ရေး အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။
ဆေးလာကုသူတစ်ဦးက "ဒီမှာဆေးလာကုတာ အပတ်တိုင်းကုရတယ်။ လာတုန်းက လူနာတင်ယာဉ်ကားနဲ့ လာကြတာပေါ့။ ပြန်ဖို့ကြတော့ ကိုယ့်စရိတ်နဲ့ကိုယ်ပြန်ရမှာလေ။ ကားခက ဈေးကြီးတယ်။ ပြီးတော့တစ်ခါတလေလည်းမဟုတ်ဘူး။ အပတ်တိုင်းဆိုတော့ အဆင်မပြေဘူးလေ။ အဲ့တော့ ဒီဆေးရုံဘေးမှာပဲ ဖြစ်သလိုနေကြရတာပေါ့” လို့ ပြောပါတယ်။
လက်ရှိအချိန် ဆေးရုံကြီးဘေးမှာ နေထိုင်သူ အများအပြားရှိပြီး စားရေးသောက်ရေးအတွက် နေရပ်မှ ပါလာသမျှကို ထုခွဲရောင်းချနေကြရကာတချို့က ပစ္စည်းပြတ်လပ်သွားလို့ အလှူရှင်တွေရဲ့ လာရောက်လှူဒါန်းမှု အပေါ်မှီခိုနေကြရပါတယ်။
Photo - Nyein Chan Oo / MPA