Live
Home
မြန်မာသတင်း
မန္တလေးတွင် ၇ လသားအရွယ်ကလေးငယ် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံး
DVB
·
December 16, 2020
မန္တလေးမြို့ ကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှာ ဒီဇင်ဘာလ ၁၆ ရက် မနက် ၃  နာရီလောက် က အသက် ၇ လသားအရွယ် ကလေးငယ် တစ်ယောက် ကိုဗစ်-၁၉  ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ ဆေးရုံအုပ်ကြီးက အတည်ပြုပါတယ်။ ကလေးငယ်ဟာ ချောင်းဆိုးရင်ကြပ်ပြီး မောနေတဲ့အတွက် ဆေးရုံကို ရောက်ရှိခဲ့ပြီး စောင့်ကြည့်ခန်းမှာ ထားရှိကာ  ကိုဗစ်-၁၉ ရောဂါရှိမရှိစစ်ဆေးရာ ပိုးတွေ့ခဲ့တာလို့ သိရပါတယ်။ ကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးက “ ကိုဗစ် Positive ဖြစ်တော့ ကလေးကို Ventilator ပေးတယ်။ အဲ့ဒီ Ventilator ပေးနေရင်းနဲ့ ဆုံးတာပါ” လို့ ပြောပါတယ်။ မန္တလေးတိုင်းမှာ ဒီဇင်ဘာ ၁၅ ရက် အထိ   ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၁၀,၀၀၀ ကျော်ရှိပြီး မန္တလေးခရိုင်တစ်ခုတည်းမှာတင် အတည်ပြုလူနာက  ၈၂,၀၀၀ ကျော်ရှိတာပါ။ သေဆုံးသူကတော့ မန္တလေးတိုင်းတစ်တိုင်းလုံးမှာ ၁၂၈ ယောက်ရှိပြီး လက်ရှိ တစ်တိုင်းလုံးမှာ ဆေးရုံတက်နေရသူကတော့ ၂၇၉၅ ယောက် ရှိတယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။ သတင်း- နိုင်လင်းဦး/ဓာတ်ပုံ- ပရဟိတမင်းခေါင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024