Homeအနုပညာ
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်ကို မအူပင်တရားရုံးတွင် ၄ ကြိမ်မြောက် ရုံးထုတ်
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်ကို မအူပင်တရားရုံးတွင် ၄ ကြိမ်မြောက် ရုံးထုတ်
DVB
·
December 12, 2020
ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်တရားရုံးမှာ တပ်မတော်က ၆၆ (ဃ)နဲ့ တရားစွဲခံထားရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်ကို ဒီဇင်ဘာလ ၁၁ ရက်နေ့က ၄ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
၄ ကြိမ်မြောက်ရုံးထုတ်စစ်ဆေးချိန်မှာ နှစ်ဖက်ကြားနာမှုတွေ ပြုလုပ်ခဲ့ပြီး လာမယ့် ၅ ကြိမ်မြောက် ရုံးချိန်းကို ဒီဇင်ဘာ ၁၄ ရက်နေ့ ပြန်လည်စစ်ဆေးဖို့ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ကိုဇေယျာလွင်ကို ၄ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးအပြီး မအူပင်မြို့မရဲစခန်းအချုပ်ကို ပြန်လည်ခေါ်ဆောင်သွားခဲ့ပါတယ်။
မအူပင် မြို့နယ်တရားရုံးမှာ တပ်မတော်က ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခံရလို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၃ ဦးဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေတို တို့ကို ဇွန်လ ၁၁ ရက်နေ့က ရုံးထုတ်ခဲ့ပြီး ထောင်ဒဏ် ၁ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဟာ ၂၀၁၉ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းနဲ့ ဧရာ၀တီတိုင်းအတွင်းက မြို့နယ်တွေမှာ သံချပ်တွေ လှည့်လည်ဖျော်ဖြေခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအ၀င် ဆက်သွယ်ရေးဥပဒေတွေနဲ့ တရားစွဲခံခဲ့ရတာပါ။
သတင်း - မင်းထက်မုန်း(ပုသိမ်)၊ ဓာတ်ပုံ - အောင်မြသန်း (မအူပင်)