Home
မြန်မာသတင်း
နောင်ချိုမြို့နယ်တွင် ကလေးငယ် ၃ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၈ ဦး တွေ့ရှိ
DVB
·
December 12, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ ဒီဇင်ဘာ ၁၂ နေ့က ကလေးငယ် ၃ ဦး အပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၈ ဦး ပိုးတွေ့ခဲ့တယ်လို့ နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာဦးစီးဌာနက အတည်ပြုပြောကြားပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့က ပိုးတွေ့ရှိရတဲ့ နောင်ချိုမြို့ဈေးရပ်နေ ပိုးတွေ့လူနာနဲ့ ထိစပ်မှုရှိသူ ၂၂ ဦးကို ပထမအကြိမ် RDT နဲ့ စစ်ဆေးခဲ့ရာမှ အသက် ၂ နှစ်ခွဲ၊ ၄ နှစ်၊ ၁၀ နှစ် ကလေးငယ်တွေ အပါအဝင် ၈ ဦး ပိုးတွေ့ရှိခဲ့တာလို့ သိရပါတယ်။ နောင်ချိုမြို့မှာ ပိုးတွေ့လူနာ နေ့စဉ် တိုးပွားလာတာကြောင့် အ.မ.က (၂) ကျောင်းမှာ positive centre ဖွင့်ထားရပြီး ပိုးတွေ့လူနာ ၁၆ ဦး ရှိနေပါတယ်လို့ စေတနာမွန် လူမှုကူညီရေးအသင်းက ကိုနေဦးသာက ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက လူနာ ၁၀၇ ယောက်၊ တောင်ပိုင်းမှာ ၇၈ ယောက်၊ အ ရှေ့ပိုင်းမှာ ၆၈ ယောက်နဲ့ ဆေးရုံတက်ကုသဆဲ လူနာစုစုပေါင်း ၂၅၃ ဦး ရှိပါတယ်။ ဒီဇင်ဘာ ၁၁ နေ့ထိ ရှမ်းပြည်နယ်မှာ  စုစုပေါင်း ပိုးတွေ့လူနာ ၆၄၇ ဦးနဲ့ သေဆုံး ၃ ဦး ရှိခဲ့ပါတယ်။ သတင်း - နန်းစံပယ်၊ ဓာတ်ပုံ-စေတနာမွန်လူမှုကူညီရေးအသင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024