မတူပီမြို့တွင် အင်အား ၃ ဒသမ ၇ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
December 7, 2020
ချင်းပြည်နယ် မတူပီမြို့မှာ မနေ့ညက အင်အား ၃ ဒသမ ၇ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၁ နာရီ၊ ၀၉ မိနစ်၊ ၁၃ စက္ကန့်အချိန်က မတူပီမြို့ရဲ့ မြောက်-အနောက်မြောက်ဘက် ၁၇ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၁.၈၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၃၉ ဒီဂရီ၊ အနက် ၃၂ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။