တောင်ကိုရီးယားတွင် ကိုဗစ်တတိယလှိုင်း အစပြု

တောင်ကိုရိးယားမှာ ကိုဗစ်တတိယလှိုင်း  ကူးစက်မှု အစုငယ်တွေ ပေါ်ထွက်လာတာမို့  သတိဝီရီယရှိကြဖို့  အစိုးရက ဒီဇင်ဘာ ၅ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။   မြို့တော် ဆိုးလ်မှာ ကူးစက်မှုအသစ်တွေ ဗဟိုပြုပေါ်ပေါက်ပြီး ၉ လ နီးပါး ကူးစက်မှု မြင့်တက်ခဲ့ပါတယ်။  ဒီဇင်ဘာလ ၅ ရက်မှာ အသစ်ကူးစက်သူ ၅၈၃ ယောက် ရှိပြီး ဒါဟာ ဒီဇင်ဘာ ၄ ရက်ကူးစက်သူ ၆၂၉ ယောက်ထက် ကျဆင်းခဲ့တယ်လို့ ရောဂါထိန်းချုပ်ရေး နဲ့ ကြိုတင် ကာကွယ်ရေးအေဂျင်စီ (KDCA)က ထုတ်ပြန်ပါတယ်။  ဒီဇင်ဘာ ၄ ရက် ကူးစက်သူ အရေအတွက်ဟာ ပထမလှိုင်းစတဲ့ ဖေဖော်ဝါရီနဲ့ မတ်လ အစောပိုင်း နောက်ပိုင်းအမြင့်ဆုံးဖြစ်ပါတယ်။  တတိယလှိုင်းကူးစက်မှုဟာ အများပြားကူးစက်တဲ့ ပထမလှိုင်း နှစ်ခုနဲ့ ကွာခြားတယ်လို့ KDCA တာဝန်ရှိသူ လင်မ်က ဆိုပါတယ်။  "လက်ရှိလှိုင်းဟာ သီးခြားလူအုပ်စု၊ သီးခြားနေရာမှာ ကူးစက်တာမဟုတ်ဘဲ ကိုယ့်ရဲ့ နေအိမ်၊ မိသားစုနဲ့ အသိမိတ်တွေဆီမှာ ကူးစက်နိုင်တယ်ဆိုတာ မှတ်ထားပါ" လို့ လင်မ်က ပြောဆိုခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up