Homeမြန်မာသတင်း
စစ်ဆေးရေးဂိတ်သတင်းမပို့ဘဲ ကျောက်မဲမြို့တွင်းဝင်သည့် ယာဉ်လိုင်းကို ပြေးဆွဲခွင့်ရပ်ဆိုင်း
စစ်ဆေးရေးဂိတ်သတင်းမပို့ဘဲ ကျောက်မဲမြို့တွင်းဝင်သည့် ယာဉ်လိုင်းကို ပြေးဆွဲခွင့်ရပ်ဆိုင်း
DVB
·
December 5, 2020
ရှမ်းပြည်နယ်၊မြောက်ပိုင်း ကျောက်မဲမြို့မှာ စစ်ဆေးရေးဂိတ်ကို သတင်းမပို့ဘဲ ဝင်ရောက်ခဲ့တဲ့အတွက် မူဆယ်-ကျောက်မဲ ပြေးဆွဲနေတဲ့ ရွှေချမ်းသာယာဉ်လိုင်းပြေးဆွဲခွင့်ကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်တယ်လို့ Five Stars ကိုဗစ်စေတနာ့ဝန်ထမ်းအဖွဲ့က အတည်ပြုပြောပါတယ်။
ယာဉ်လိုင်းကို ပြေးဆွဲတာရပ်နားဖို့ စာနဲ့အကြောင်းကြားလာတဲ့အတွက် ဒီဇင်ဘာ ၄ ရက် နေ့ကစပြီး ပြေးဆွဲမှုရပ်နားလိုက်ပြီလို့ ရွှေချမ်းသာဂိတ်က ပြောပါတယ်။
ကျောက်မဲမြို့ကို ဒီဇင်ဘာ ၂ ရက်နေ့က ဝင်ရောက်ခဲ့ပြီး သတင်းမပို့ဘဲ နေအိမ်မှာ နေထိုင်နေခဲ့တဲ့ ယာဉ်မောင်းတဦးကို ကျောက်မဲမြို့ အလက ၃ ကွာရန်တင်းစင်တာကို ပို့ဆောင်ထားပြီး ဓာတ်ခွဲနမူနာ စစ်ဆေးသွားမယ်လို့ ဒေါက်တာနန်းရီလှိုင်ဦးက ပြောပါတယ်။
ကျောက်မဲမြို့ စစ်ဆေးရေးဂိတ်ကို သတင်းမပို့ဘဲ မြို့ထဲဝင်ရောက်ခဲ့တဲ့ ဒရိုင်ဘာကိုတော့ ဘေးစီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူမယူနဲ့ပတ်သက်ပြီး အထက်ကို ဆက်လက်တင်ပြထားတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်အတွင်း တောင်ကြီး၊ ကလော၊ မူဆယ်၊ တာချီလိတ် ကနေလာရင် ကွာရန်တင်းဝင်ရမယ်လို့ ကျောက်မဲမြို့နယ် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီက ကြေညာထားပါတယ်။