Live
Home
သတင်းတို
အင်းစိန် အကျဉ်းထောင်ကို ကင်တားနား သွားရောက်
DVB
·
August 15, 2013
မြန်မာနိုင်ငံဆိုင်ရာ  ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားဟာ ရန်ကုန်မြို့က အင်းစိန် အကျဉ်းထောင်ကို ဒီနေ့ သွားရောက်ခဲ့ပါတယ်။ [caption id="attachment_28615" align="alignright" width="300" caption="မစ္စတာ ကင်တားနား"][/caption] ကချင်ပြည်နယ်ကနေ ရန်ကုန်ကို ရောက်ရှိလာတဲ့ မစ္စတာကင်တာနားဟာ ဩဂုတ် ၁၅ ရက်နေ့ နေလယ်ပိုင်းမှာ ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်ကို သွားရောက်လည်ပတ်ခဲ့တာပါ။ ဒီလည်ပတ်မှုနဲ့ပတ်သက်ပြီး အင်းစိန်အကျဉ်းထောင်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ တာဝန်ရှိသူ မရှိဘူးလို့ ပြောပါတယ်။ အင်းစိန်အကျဉ်းထောင်ရှေ့က  မျက်မြင်တဦးကတော့ မစ္စတာကင်တာနားဟာ မွန်းလွဲပိုင်းမှာ အင်းစိန်ထောင်ကို ရောက်ရှိလာပြီး  ညနေ ၃ နာရီလောက်မှာ ပြန်လည်ထွက်ခွာသွားတယ်လို့  ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024