ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စိန်ရွှေ ကွယ်လွန်
DVB
·
November 26, 2020
ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) ဥက္ကဋ္ဌ ဦးခွန်စိန်ရွှေဟာ နိုဝင်ဘာ ၂၆ ရက် မနက် ၈ နာရီ ၇ မိနစ် အချိန်မှာ ဆီဆိုင်မြို့နယ် နောင်ထောဝ်ရှိ နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
ဦးစိန်ရွှေဟာ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ခဲမောက်ရွာဇာတိဖြစ်ပြီး မွေးချင်း ၅ ဦးမှာ အကြီးဆုံးဖြစ်ပါတယ်။
အသက် ၂၀ အရွယ်မှာ ပအလဖ ခေါင်းဆောင် နယက ဆရာတော် ဦးနေမိ ဖိတ်ခေါ်မှုအရ လူထုပညာရေးကိုကူညီဖို့ ၁၀ တန်းကျောင်းသားအနေဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းကို ရောက်ရှိခဲ့ပါတယ်။
ပအလဖ ဒုတိယတော်လှန်ရေးမှာ ဗိုလ်စံသိန်းနဲ့အတူ ပါဝင်လုပ်ဆောင်ခဲ့သူလည်းဖြစ်ပြီး ၁၉၉၄ ခုနှစ် ငြိမ်းချမ်းရေး ယူခဲ့စဉ်က နအဖ စစ်အစိုးရခေါင်းဆောင်နဲ့ အပစ်ရပ်ဆွေးနွေးမှုမှာ ဗဟိုခေါင်းဆောင်အနေနဲ့ တာဝန်ယူခဲ့ပါတယ်။
၂၀၀၈ ခုနှစ် မှာ (ရလလဖ) ဥက္ကဋ္ဌ ဦးတာကလယ်အနားယူပြီးနောက် ဦးခွန်စိန်ရွှေက ဥက္ကဋ္ဌ တာဝန်ဆက်လက်ဆက်ခံတာ အခုအချိန်ထိ ဖြစ်ပါတယ်။
ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြာက်ရေးအဖွဲ့ (ရလလဖ) ဟာ ၂၀၀၇ ခုနှစ်မှာ စစ်အစိုးရထံ လက်နက်နဲ့ ငြိမ်းချမ်းရေးကို လဲလှယ်ကာ အထူးဒေသ ၁၃ အနေနဲ့ ဆီဆိုင်မြို့နယ် နောင်ထော်ဒေသမှာ ဌာနချုပ်ထားရှိ ပါတယ်။
သတင်း - ခွန်ရာဇာ