Homeမြန်မာသတင်း
ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာခရီးစဉ်၌ ကိုဗစ်-၁၉ အရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမည်
ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာခရီးစဉ်၌ ကိုဗစ်-၁၉ အရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမည်
DVB
·
November 23, 2020
တောင်ကိုရီးယား လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကင်မ်ဂန်းဟာ အခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိနေတယ်လို့ ကိုရီးယားနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၄ ရက်နေ့ကနေ ၂၇ ရက်အထိ မြန်မာခရီးစဉ်တွင်း ကိုရီးယား လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံခြားရေးဌာနက အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံပြီး မူဝါဒရေးရာကိစ္စတွေ ဆွေးနွေးဖို့ရှိတယ်လို့ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ် တိုက်ဖျက်ရေးနဲ့ တခြားကိစ္စတွေ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရေးဆွေးနွေးဖို့နဲ့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၄၅ နှစ် ပြည့်ချိန်မှာ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနက်နက်ရှိုင်းရှိုင်းပြုလုပ်ဖို့ ဆွေးနွေးမယ်လို့လည်း ဆိုပါတယ်။
ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟာ ရန်ကုန်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ တာဝန်ရှိသူတွေလည်းတွေ့ဆုံဖို့ရှိသလို မြန်မာနိုင်ငံမှာ လာရောက် လုပ်ကိုင်နေတဲ့ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ကိုရီးယား နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်အရသိရပါတယ်။
ဓာတ်ပုံ- Yonhap