Home
မြန်မာသတင်း
မင်းလှနှင့်အုတ်ဖိုတွင်  ကိုဗစ်-၁၉ လူနာသစ် ၃၁ ဦး ထပ်မံတွေ့ရှိ
DVB
·
November 21, 2020
ပဲခူးတိုင်း မင်းလှမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့မှာ နိုဝင်ဘာ ၂၀ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၁ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ မင်းလှမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ အယောက် ၂၀ နဲ့ အုတ်ဖိုမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁၁ ဦး တွေ့ရှိခဲ့တာပါ။ မင်းလှမြို့နယ်မှာ ‌နိုဝင်ဘာ ၁၈ ရက်နေ့က Quarantine ထားရှိထားတဲ့ ရန်ကုန်က ပြန်လာသူအယောက် ၁၀၀ ရဲ့ ဓာတ်ခွဲနမူနာပေးပို့စစ်ဆေးရာမှာ ၁၅ ဦးနဲ့ RDT Test Kit နဲ့ ၁၁၆ ဦးအား စစ်ဆေးရာ ၅ ဦး ကိုဗစ်ပိုးတွေ့ရှိခဲ့တာလို့ မင်းလှဆေးရုံအုပ်ကြီး ဒေါက်တာလှဝင်းက ပြောပါတယ်။ အုတ်ဖိုမှာတော့ Quarantineထားရှိထားသူ ၁၀၉ ဦးရဲ့ ဓာတ်ခွဲနမူနာပေးပို့စစ်ဆေးရာမှာ ၉ ဦးနဲ့ အနံ့မရလို့ ဆေးရုံလာပြသူ ၂ ဦးကို RDT Test Kit နဲ့ စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်ထောက်ဦးစီး ဦးအေးမင်းထွန်းက ပြောပါတယ်။ မင်းလှမြို့နယ်နဲ့ အုတ်ဖိုမြို့နယ်တို့မှာ ဒေသတွင်း ကူးစက်မှု များလာတောကြောင့် ကိုဗစ်-၁၉ ရောဂါ ပိုမိုပြန့်ပွားလာမှာကို စိုးရိမ်နေကြတယ်လို့ဒေသခံအချို့က ပြောပါတယ်။ နိုဝင်ဘာ ၂၀ ရက်နေ့ထိ မင်းလှမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁၈၅ ဦးနဲ့ အုတ်ဖိုမြို့နယ်မှာ ၈၅ ဦးထိ ရှိလာတယ်လို့ သိရပါတယ်။ ပဲခူးတိုင်းအတွင်း နိုဝင်ဘာလ ၁၉ ရက်နေ့အထိ အတည်ပြုလူနာ ၃၈၆၃ ဦးရှိပြီး လက်ရှိဆေးရုံတွေမှာ ကုသမှုခံယူနေရသူ ၆၃၉ ဦး၊ သေဆုံးသူ ၇ ဦးပြီလို့ ပဲခူးတိုင်း ကျန်းမာရေးဦးစီးဌာက သိရပါတယ်။ သက်နိုင်ဝင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024