Homeမြန်မာသတင်း
မြန်မာတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၇၅,၀၀၀ နီးပါးရှိ၊ ကမ္ဘာ့ကူးစက်မှုအမြင့်ဆုံးအဆင့် ၇၂ ဖြစ်လာ
မြန်မာတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၇၅,၀၀၀ နီးပါးရှိ၊ ကမ္ဘာ့ကူးစက်မှုအမြင့်ဆုံးအဆင့် ၇၂ ဖြစ်လာ
DVB
·
November 20, 2020
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၇၅,၀၀၀ နီးပါး ရှိလာခဲ့ပြီဖြစ်ကာ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်ထဲမှာ ကူးစက်မှုအမြင့်ဆုံးအဆင့် ၇၂ နေ ရာမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။
ဒီကနေ့ နေ့လည်ပိုင်းအထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအ တွက်ဟာ ၅၇ သန်းကျော်လာခဲ့ပြီဖြစ်ပြီး သန်းနဲ့ချီ ကူးစက်ခံထားရတဲ့ နိုင်ငံအရေအ တွက်ဟာလည်း ၁၁ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၁၂ သန်းကျော်နဲ့ သေဆုံးသူ ၂၅၈,၃၃၃ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၉ သန်း ကျော်နဲ့ သေဆုံးသူ ၁၃၂,၂၀၂ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၅ ဒသမ ၉ သန်းကျော်၊ သေဆုံးသူ ၁၆၈,၁၄၁ ယောက်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ် တည်နေပါတယ်။
အဲဒီ ၃ နိုင်ငံနောက်မှာတော့ ကိုဗစ်-၁၉ ရောဂါသန်းနဲ့ချီကူးစက်ခံရတဲ့ နိုင်ငံတွေ အဖြစ် ပြင်သစ်၊ ရုရှား၊ စပိန်၊ ယူကေ၊ အာဂျင်တီးနား၊ အီတလီ၊ ကိုလံဘီယာ၊ မက္ကဆီကို နိုင်ငံတွေက အစဉ်လိုက် ရှိနေခဲ့တာပါ။
ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၆,၃၉၈ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ ခုရက်ပိုင်းအ တွင်း သေဆုံးသူထပ်တိုးမလာဘဲ နိုင်ငံအလိုက် အမှတ်စဉ် ၆၅ နေရာထိ ကျဆင်းသွား ခဲ့ပါတယ်။
အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယနိုင်ငံပြီးရင် အီရန်၊ အီရတ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ကူးစက်ခံရသူဦးရေ ၈၁၅,၁၁၇ ယောက်၊ ၅၂၉,၂၂၆ ယောက်၊ ၄၈၃,၅၁၈ ယောက်စီနဲ့ အသီးသီး ရှိနေပါတယ်။
မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၄၄၁,၁၅၉ ယောက်နဲ့ သေဆုံးသူ ၆,၃၀၅ ယောက် ရှိနေတာ ဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၄၁၃,၄၃၀ ယောက်နဲ့ သေဆုံးသူ ၇,၉၉၈ ယောက်နဲ့ ဒုတိ ယနေရာမှာ ရှိနေခဲ့ပါတယ်။
လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ နိုဝင်ဘာ ၁၉ ရက်ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၇၄,၈၈၂ ယောက်၊ သေဆုံးသူ ၁,၆၇၆ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူစုစုပေါင်း ၅၅,၆၃၃ ယောက်နဲ့ အာဆီယံ နိုင်ငံ တွေထဲမှာ ကိုဗစ်-၁၉ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် လ ၂၃ ရက်နေ့မှာ တွေ့ရှိခဲ့ပြီး ရခိုင်ပြည်နယ်က တကျော့ပြန်ကူးစက်မှုတွေနဲ့အတူ အချိန် ၈ လနီးပါးရှိလာခဲ့ချိန်မှာတော့ ရောဂါကူးစက်ခံရသူစုစုပေါင်း ၇၅,၀၀၀ နီးပါး ရှိလာခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာလည်း အစိုးရက ပြည်သူတွေကို ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွား မှု ထပ်တိုးမလာစေဖို့ မကြာမီရောက်လာတော့မယ့် ပွင့်လင်းရာသီပိတ်ရက်တွေမှာ ပြည် သူတွေ အနေနဲ့ မလိုအပ်ပဲ ခရီးသွားလာတာတွေ၊ လူစူလူဝေးပြုလုပ်တာတွေ မလုပ်ကြ ဖို့နဲ့ တတ်နိုင်သမျှ နေအိမ်ထဲမှာသာ နေထိုင်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက နိုဝင်ဘာ ၁၉ ရက်စွဲနဲ့ ပန်ကြားထားပါတယ်။
အဲဒီပန်ကြားချက်ထဲမှာ နိုဝင်ဘာ ၁၈ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာတွေရဲ့ ၇၅ ရာခိုင်နှုန်းဟာ ဆေးရုံက ဆင်းခွင့်ရခဲ့ကြောင်းနဲ့ သေဆုံးသူ ၁,၆၅၀ ရှိခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။
စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၈,၁၃၉ ယောက်နဲ့ သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၈ ယောက် ရှိနေတာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၅၁,၆၈၀ ယောက်နဲ့ သေဆုံးသူ ၃၂၆ ယောက် ရှိပါတယ်။
မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၃,၈၉၂ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၆၀ ယောက် ရှိနေပါတယ်။
ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၃၀၄ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၄၈ ယောက်နဲ့ သေ ဆုံးသူ ၃ ယောက် ရှိနေတာပါ။
ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေ အတွက် ၃၀၄ ယောက်နဲ့ ၂၅ ယောက် အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိ သေးပါဘူး။
တကမ္ဘာလုံးအတိုင်းအတာနဲ့ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ ပြီး သေဆုံးသူအရေအတွက် ၁ ဒသမ ၃ သန်းကျော်လာခဲ့ပြီဖြစ်ပြီး ရောဂါပြန်လည် ပျောက်ကင်းလာသူ အရေအတွက်ကတော့ ၃၉ ဒသမ ၇ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါ တယ်။