ဆိုမာလီတွင် အသေခံဗုံးခွဲမှုကြောင့် ၅ ဦး သေဆုံး၊ ၈ ယောက် ဒဏ်ရာရ

Paramedics attend to a man injured at the scene of a suicide explosion at a restaurant near a police academy, in Mogadishu, Somalia November 17, 2020. REUTERS/Feisal Omar
ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးက ရဲတပ်စခန်းအနီး စားသောက်ဆိုင်တစ်ဆိုင်မှာ နိုဝင်ဘာ ၁၇ ရက်က အသေခံဗုံးခွဲမှုကြောင့် ၅ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။  ဒီတိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်ဆိုတာကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။ အယ်လ်ကိုင်ဒါအဖွဲ့ မဟာမိတ်ဒေသခံ အယ်ရှာဘတ်အဖွဲ့ဟာ မကြာခဏဆိုသလို မြို့တော် မိုဂါဒစ်ရှူးနဲ့ တခြားနေရာတွေမှာ ဗုံးခွဲတိုက်ခိုက်တာတွေ လုပ်လေ့ရှိပါတယ်။  ဒီလိုလုပ်တာက ဆိုမာလီ ဗဟိုအစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းတဲ့ သူတို့လှုပ်ရှားမှု တစ်စိတ်တပိုင်း ဖြစ်ပါတယ်။ အယ်ရှာဘတ်အဖွဲ့က အာဖရိကဦးချိုဒေသ ဆိုမာလီမှာ တင်းကျပ်တဲ့ အစ္စလာမ်ရှီယာ ဥပဒေကို ပြဋ္ဌာန်းပြီး သူတို့ကိုယ်တိုင် အုပ်ချုပ်လိုတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up