အာဏာလွှဲပြောင်းရေး ကြန့်ကြာနေပါက လူသေဆုံးမှုပိုများလာနိုင်ဟု ဂျိုးဘိုင်ဒင် သတိပေး

ဒေါ်နယ်ထရမ့်ကြောင့် အာဏာလွှဲပြောင်းရေး ကြန့်ကြာနေရင် လူတွေ အခုထက်ပို သေဆုံးလာနိုင်တယ်လို့ ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒင်က နိုဝင်ဘာလ ၁၆ ရက်မှာ သတိပေးလိုက်ပါတယ်။  ဒီလာဝဲပြည်နယ်မှာ မိန့်ခွန်းပြောရာမှာ ဘိုင်ဒင်က ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို ဖြေရှင်းဖို့အတွက် ညှိနှိုင်းဆောင်ရွက်ဖို့လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။  သမ္မတထရမ့်ရဲ့ ရှုံးနိမ့်မှုအပေါ် ဝန်ခံဖို့ ငြင်းဆိုတာကို "လုံး၀ တာဝန်မဲ့လွန်းတယ်"လို့  ဘိုင်ဒင်က ပြောဆိုပါတယ်။  သမ္မတ ရွေးချယ်ရေးအဖွဲ့ ထောက်ခံမဲတွေမှာ ဘိုင်ဒင်က လိုအပ်တဲ့ မဲအရေအတွက် ၂၇၀ ကို ကျော်လွန်ပြီး ၃၀၆ မဲ ရခဲ့တာပါ။ ဒါပေမဲ့လည်း နိုဝင်ဘာလ ၁၆ ရက် မနက်ပိုင်းမှာ သမ္မတထရမ့်က ရွေးကောက်ပွဲမှာ သူ နိုင်တယ်ဆိုပြိး တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ထရမ့်ရဲ့ မဲဆွယ်အဖွဲ့ကလည်း မဲအရေအတွက်ကို ငြင်းဆိုဖို့ တရားစွဲဆိုရေးကို ကတိုက်ကရိုက် စီစဉ်ခဲ့ပါတယ်။ သမ္မတသစ်အတွက် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ဆောင်ရွက်တဲ့ (GSA) အေဂျင်စီကလည်း ဘိုင်ဒင်နဲ့ သူရဲ့တွဲဖက် ဟဲရစ်ကို ရွေးကောက်ပွဲ အနိုင်ရသူတွေအဖြစ် အသိအမှတ်မပြုရသေးပါဘူး။ ဒါကြောင့် ဘိုင်ဒင်နဲ့ ဟဲရစ်တို့ဟာ ပုံမှန်အားဖြင့် နောက်တက်လာတဲ့အစိုးရကိုပေးတဲ့ သတင်းစာရှင်းလင်းပွဲ လုပ်ခွင့်မရသေးဘူးလို့ ဘီဘီစီသတင်းက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up