Home
မြန်မာသတင်း
Music Zone KTV ဆိုင်ပိုင်ရှင်နှင့် မန်​နေဂျာတို့ကို ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိ 
နေလင်းအောင်
·
November 10, 2020
Music Zone KTV ဆိုင်ပိုင်ရှင်နဲ့ မန်​နေဂျာတို့ အင်းစိန်အကျဉ်းထောင်မှာ ကျန်းမာ​ရေးစစ်​ဆေးမှုခံယူ​နေရတာ​ကြောင့် ဒီက​နေ့ရုံးထုတ်စစ်​ဆေးခြင်းမရှိခဲ့ပါဘူး။  ကိုဗစ်ကာလမှာ အစိုးရရဲ့ထုတ်ပြန်ချက်မလိုက်နာဘဲ KTV ဆိုင်ဖွင့်ခဲ့တဲ့ သင်္ဃန်းကျွန်း မြို့နယ်က Music Zone KTV ဆိုင်ပိုင်ရှင် ဦး​ဇော်မင်းနဲ့ မန်​နေဂျာတို့ကို သဘာ၀ ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပ​ဒေပုဒ်မ ၂၅ နဲ့ တရားစွဲဆိုထားတာပါ။  နို၀င်ဘာ ၁၀ ရက်​နေ့ သင်္ဃန်းကျွန်းမြို့နယ်တရားရုံမှာ ရုံးထုတ်ဖို့စီစဉ်ထားပေမဲ့ အင်းစိန်အကျဥ်း​ထောင်မှာ ကျန်းမာ​ရေးစစ်​ဆေးမှုခံ​နေရတာ ​ကြောင့် ဒီက​နေ့မှာ ရုံးထုတ်ခဲ့ခြင်းမရှိခဲ့ဘူးလို့စွပ်စွဲခံရသူဘက်က လိုက်ပါ​ဆောင်ရွက်​ပေး​နေတဲ့ တရားလွှတ်​တော်​ရှေ့​နေ ဦး​ဇော်သိန်းထွန်းက ​ပြောပါတယ်။ ဒီအမှုနဲ့ပတ်သတ်ပြီး ဘယ်နှစ်လအတွင်း အပြီးသတ်စစ်​ဆေးမယ်ဆိုတာကို​တော့ မသိရှိရ​သေးပါဘူး။ နောက်အပတ်ရုံးချိန်းကို​တော့ နို၀င်ဘာ ၂၄ ရက်​နေ့မှာ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။ Music Zone KTVဆိုင်နဲ့  ဆက်နွှယ်ပြီး ပြည်တွင်းမှာ လူ​ပေါင်း ၁၀၀ နီးပါး​လောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024