Home
သတင်းဓာတ်ပုံ
မရမ်းကုန်းမြို့နယ် မဲရုံများ၌ မဲပေးမှု မြင်ကွင်း (ဓာတ်ပုံ)
ဆုဆုသွယ်
·
November 8, 2020
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်အမှတ် (၂) ရပ်ကွက်က ယာယီ မဲရုံတွေကို ဒီနေ့မနက် ၆ နာရီ စတင်ဖွင့်လှစ်ခဲ့ပြီး မဲဆန္ဒရှင် မဲစတင်ပေးနေကြပြီ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှာ မဲပေးခွင့်ရှိတဲ့မဲဆန္ဒရှင် ၁၅၈၀၀၀ က မဲရုံ ၁၂၁ ရုံမှာ မဲပေးသွားကြမှာဖြစ်ပါတယ်။  မဲရုံတွေမှာ မဲလာပေးတဲ့သူတွေအတွက် အပူချိန်တိုင်းတာတာတွေနဲ့ နှာခေါင်းစေး Face Shield တွေကိုလည်း ဝေငှ ပေးနေပါတယ်။  မရမ်းကုန်းမြို့နယ်မှာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲထက်မဲဆန္ဒရှင် ၁၅၀၀၀ ပိုများလာတဲ့အတွက် မဲရုံတွေ တိုးချဲ့ပြင်ဆင်ထားပါတယ်။  မရမ်းကုန်း မြို့နယ်မှာ ကြိုတင် ဆန္ဒမဲပေးထားသူ ၂ သောင်းကျော်ရှိပါတယ်။ မရမ်းကုန်းမြို့နယ်က မဲရုံ တစ်ချို့မှာ မနက် မဲရုံမဖွင့်မီ အချိန်ကတည်းက လူဦးရေ ရာချီ မဲလာပေးဖို့ စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - ဆုဆုသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024