Home
ဆောင်းပါး
Any Questions? မန္တလေးတိုင်းအစီအစဉ် (အပိုင်း ၄ နောက်ဆုံးပိုင်း) 
DVB
·
November 6, 2020
၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကို ပထမအကြိမ် မဲပေးကြမယ့် လူငယ်တွေက သူတို့သိလိုသမျှတွေကို မေးမြန်းပြီး တာဝန်ရှိတဲ့သူတွေက ပြန်လည်ဖြေကြားပေးမယ့် Any Questions?  အစီအစဉ်ကို DVB TV ကနေ တင်ဆက်ပေးနေရာမှာ  ဒီတပတ်အတွက် ရွေးချယ်ထားတာကတော့  မန္တလေးတိုင်းအစီအစဉ်အပိုင်း ၄ နောက်ဆုံးပိုင်း ဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုတော့ ကျမ နေရီရီနဲ့အတူ နွယ်နီတင်မောင်နဲ့ ဦးနေဇော်နိုင်တို့က တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်။ ဒီတစ်ခေါက်အတွက် ကျမတို့ရွေးချယ်ထားတာကတော့ မန္တလေးတိုင်းဒေသကြီးပဲ ဖြစ်ပါတယ်။    အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျနော်တို့ရဲ့ ပါတီကတော့ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ (NDF) ခမောက်ပါတီဖြစ်ပါတယ်။ ကျနော်တို့ပါတီဟာ ၂၀၁၀ မှာ စတင်ဖွဲ့စည်းပြီးတော့ ပထမတစ်ကြိမ် လွှတ်တော်မှာ ကျနော်တို့ လမ်းဖောက်ပြီးတော့ ဝင်ရောက်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ အားလုံး လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၆ ယောက် ဝင်ရောက်ခဲ့ပါတယ်။ ပြီးတော့ ကျနော်ကိုယ်တိုင်လည်းပဲ ပုဇွန်တောင် မဲဆန္ဒနယ်ကနေပြီးတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် လွှတ်တော်ထဲကို ရောက်ခဲ့ပါတယ်။ အခုလက်ရှိ ကျနော့်ရဲ့ တာဝန်ကတော့ ပါတီ အတွင်းရေးမှူး - ၁ တာဝန်ကို ထမ်းဆောင်နေပါတယ် ခင်ဗျာ။ အခု ကျနော်ပြောချင်တာကတော့ ၂၀၁၀ လွှတ်တော်ထဲကို မဝင်ခင်က ကျနော် ပန်းချီဆရာဘဝနဲ့ နေထိုင်တဲ့ လူငယ်တစ်ယောက်ပါ။ အဲဒီတော့ ကျနော် လူငယ်တွေကိုမှာချင်တာ လူငယ်ဆိုတာဟာ တက်ကြွတယ်၊ လုံ့လရှိတယ်၊ အမှန်တရားကို မြတ်နိုးတယ်၊ လုပ်ရဲတယ်၊ စွန့်စားရဲတယ်ဆိုတဲ့ သတ္တိတွေ အပြည့်နဲ့ မွေးဖွားလာတဲ့ လူငယ်တွေဖြစ်ပါတယ်။ အဲဒီတော့ မိမိတို့ရဲ့ စွမ်းရည် အစွမ်းအစတွေကို အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲကြီးမှာ တိတိကျကျ ခိုင်ခိုင်မာမာနဲ့ အသုံးချစေချင်ပါတယ်။ အသုံးချစေချင်တဲ့ အကြောင်းကတော့ ကျနော်တို့ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ နောက် ဥပဒေပြုရေးဆိုတဲ့ အာဏာသုံးရပ်ပိုင်စိုးနေတဲ့ ဒီမဲလက်မှတ်ကလေးကို လူငယ်တွေအနေနဲ့ စဉ်းစဉ်းစားစားနဲ့ မိမိတို့ရဲ့ နိုင်ငံအတွက် အကျိုးပြုမယ့်၊ မိမိတို့ရဲ့ မြို့နယ်ကို အကျိုးပြုနိုင်မယ့်၊ အကျိုးဆောင်ပေးနိုင်မယ့်၊ အရည်အချင်းရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်ပြီးတော့ လွှတ်တော်ထဲရောက်အောင် ပို့စေချင်ပါတယ်။ ပို့မယ်လို့လည်းပဲ ယုံကြည်ပါတယ်။ လူငယ်တွေအားလုံး ကျမ်းမာချမ်းသာကြပါစေ။ ဒါကတော့ ကျနော်တို့ စစ်တမ်းအရ ကြိုတင်ရယူထားတဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီရဲ့ မိတ်ဆက်ဖြစ်ပါတယ်။ အခုဆက်လက်ပြီးတော့ ကျနော်တို့ဆီကို စာတွေနဲ့ မေးလာတာတွေရှိပါတယ်။ စာတွေနဲ့ မေးထားတဲ့စာတွေကို ကျနော်ကပဲ ဖတ်ပြပြီးတော့ မေးမြန်းသွားမှာ ဖြစ်ပါတယ်။ မေမြတ်မိုးဆိုပြီးတော့ မေးထားတာကတော့၊ အကယ်၍တဲ့ … ညွန့်ပေါင်းအစိုးရတရပ် ပေါ်ပေါက်လာသည် ရှိသော် ဘယ်လိုပုံစံမျိုးဖြင့် မိမိပါဝင်သော အစိုးရတစ်ရပ်ကိုအားဖြည့်ပြီး ပြည်သူများကို အကျိုးဖြစ်စေမလဲ ဆိုပြီးတော့ ပြည်သူ့ပါတီကို မေးထားပါတယ်ခင်ဗျာ။ ဖြေ။     ။ ညွန့်ပေါင်းအစိုးရဖြစ်လာခဲ့မယ်ဆိုရင်ပေါ့ အနာဂတ် မြန်မာနိုင်ငံအတွက်ပေါ့ တစ်ဦးတည်းကနေ၊ တစ်ဖွဲ့တည်းကနေ ဆောင်ရွက်နေတဲ့ကိစ္စတွေကို လွှတ်တော်တွင်းမှာရော၊ အစိုးရပိုင်းမှာရော ကျနော်တို့ ပြန်လည်ထိန်းကျောင်းတဲ့ အနေအထားနဲ့ပေါ့၊ ပြည်သူလူထုရဲ့ ကောင်းကျိုးကို ဆထက်ထမ်းပိုး ဒီထက်ပိုပြီးတော့ စစ်မှန်နိုင်မယ်လို့ ကျနော်တို့ ထင်ပါတယ်။ အခုအခြေအနေမှာ၊ လက်ရှိအနေအထားမှာ ဆိုရင်လည်း အားလုံး သိခဲ့ကြတဲ့အတိုင်းပဲ အားကောင်းတဲ့ လွှတ်တော်တွေ ရှိသလို၊ အားပျော့နေတဲ့ လွှတ်တော်တွေလည်းရှိတယ်။ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေဟာဆိုရင် လွှတ်တော်ထဲမှာလည်း လေ့ကျင့်ပေးလိုက်တဲ့ ကိုယ့်ရဲ့ မြို့နယ်အတွက် တိုင်းပြည်အတွက် လူမျိုးအတွက် လိုအပ်တဲ့မေးခွန်းမျိုး မမေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း တော်တော်များများ တွေ့ရတယ်။ အဲဒီတော့ ညွန့်ပေါင်းသာဆိုရင်တော့ ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စုကို သွားနေတဲ့အတွက် တိုင်းရင်းသားတွေရဲ့ အရေးပဲဖြစ်ဖြစ်၊ ပြည်သူလူထုအကျိုးပဲ ဖြစ်ဖြစ် ဒီထက်ပိုပြီးတော့ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်မိပါတယ်။ ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့။ ကျနော်တို့ နောက်တစ်ယောက်ကတော့ မောင်သက်ထွန်းဦး ဖြစ်ပါတယ်။ သူကတော့ USDP ကို မေးချင်ပါတယ်တဲ့။ မြို့ပြဖွံ့ဖြိုးမှုထက် ကျေးလက်လူမှု ဖွံ့ဖြိုးမှုအတွက် ဘာတွေလုပ်ပေးနိုင်မလဲ။ ဘယ်အရာတွေကို ဦးစားပေး ဆောင်ရွက်မလဲ။ ဘယ်လိုတွေလုပ်ပေးဖို့ စီစဉ်ထားလဲ။ ယဉ်ကျေးမှု အမွေအနှစ်တွေကို မပျက်စီး မထိခိုက်စေဘဲ ဖွံ့ဖြိုးတိုးတက်လာအောင် ဘယ်လိုဆောင်ရွက်မလဲတဲ့၊ ကျနော်တို့ မေးထားပါတယ်ခင်ဗျ။ ဖြေ။     ။ ဟုတ်ကဲ့။ ကျမတို့အနေနဲ့ ပထမဦးဆုံး ပြောရမယ်ဆိုလို့ရှိရင်ကတော့ အဓိကကတော့ ကျေးလက်နဲ့ မြို့ပြလို့ပြောတဲ့နေရာမှာ ကျမတို့မြန်မာနိုင်ငံမှာ အဓိကက ကျေးလက်နေ ပြည်သူလူထုက အရမ်းများပါတယ်။ အဲဒီအတွက်လည်း ကျေးလက်ဒေသနဲ့ ညီမျှတဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်သွားဖို့၊ လက်ရှိလည်း ဆောင်ရွက်နေတာတွေ ရှိသလို၊ ဆောင်ရွက်သွားဖို့လည်း ရှိပါတယ်။ နောက်တစ်ခါ မြို့ပြနဲ့ကိုက်ညီမှုအပေါ်မှာ မူတည်ပြီး ဆောင်ရွက်ဖို့လည်း ဆောင်ရွက်ဖို့ ကျမတို့အနေနဲ့ အသင့် ရှိပါတယ်။ ကျမတို့ မြန်မာလူမျိုးတွေဟာဆိုရင် အဓိက ကျမတို့တွေဟာ နိုင်ငံထဲမှာ ရှိတဲ့ တိုင်းရင်းသား ၁၃၅ မျိုးစလုံးဟာဆိုရင် ကိုယ့်ရဲ့ယဉ်ကျေးမှု အမွေအနှစ်တွေကို ဒါ ထိန်းသိမ်းကြတာ ဖြစ်ပါတယ်။ ဒီလိုထိန်းသိမ်းတဲ့နေရာမှာလည်း ကျမတို့က လက်ရှိလည်း ထိန်းသိမ်းထားတာ ရှိသလို၊ နောင်တစ်ချိန်မှာလည်း ကျမတို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို လက်ရှိအချိန်မှာ ကမ္ဘာက သိသလိုပဲ နောင်တစ်ချိန်အထိကို ကမ္ဘာကနေပြီး အသိအမှတ်ပြုလာအောင် လက်ရှိသိပြီးသားအရာတွေကိုလည်း ဆက်လက်ပြီးတော့ ထိန်းသိမ်းသွားပါ့မယ်လို့ ကျမအနေနဲ့ ဖြေကြားလိုပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။ ဟုတ်ကဲ့။ နောက်ထပ် ကျနော်တို့ စာတစ်စောင် ရှိပါသေးတယ်။ လူ့ဘောင်သစ်ပါတီကို မေးထားတာ ဖြစ်ပါတယ်။ နိုင်ငံသားတိုင်းအတွက် လူ့အခွင့်အရေးနဲ့ လုံခြုံရေးတွေအတွက် ဘာတွေလုပ်ဆောင် ပေးနိုင်မလဲဆိုပြီးတော့ မောင်ဟိန်းထက်နိုင်က လူ့ဘောင်သစ်ပါတီကို မေးမြန်းထားပါတယ် ခင်ဗျ။ ဖြေ။     ။ စောစောက ပြောခဲ့တဲ့ဟာလေးတွေကို စကားခံချင်တာက ကျနော်တို့က အစိုးရဖွဲ့နိုင်တဲ့ အနေအထားတစ်ရပ် ကျနော်တို့မှာ မရှိပါဘူး။ ကျနော်တို့ ဝင်ရောက် အရွေးချယ်ခံတာကိုက မဲဆန္ဒနယ် နည်းပါတယ်။ အဲဒီတော့ အစိုးရအနေနဲ့ လုပ်ဆောင်နိုင်မယ့် အနေအထားဘက်ကနေ ကျနော်တို့ ဖြေဖို့ ခက်ပါတယ်။ အဲဒီတော့ အစိုးရမဟုတ်တဲ့ အနေအထားတစ်ရပ်အနေနဲ့ ကျနော်တို့ ပြောမယ်ဆိုလို့ရှိရင် ကျနော်တို့ လူ့အခွင့်အရေးနဲ့ လုံခြုံရေးကို ထိခိုက်နေတဲ့ ကိစ္စရပ်တွေ အများကြီးရှိပါတယ်။ လတ်တလောမှာလည်း အများကြီး ရှိတယ်။ ရှိတဲ့အခါကျတော့ တချို့အပိုင်းတွေက လက်ရှိ တည်ဆဲဥပဒေတွေ အရကိုက အဲဒီ လူ့အခွင့်အရေး အပေါ်ကိုလည်း ခြိမ်းခြောက်နေတယ်၊ လုံခြုံရေးအပေါ်ကိုလည်း ခြိမ်းခြောက်နေတာ ရှိတယ်။ အဲဒီအခါကျရင် ကျနော်တို့က ဒီလိုဥပဒေမျိုးတွေကို ပြုပြင်ပြောင်းလဲဖို့ ကျနော်တို့က နည်းလမ်းပေါင်းစုံနဲ့ ပေါ့လေ၊ ကျနော်တို့ ကြိုးပမ်းဆောင်ရွက်သွားမှာပါ။ နောက်တစ်ခုကတော့ ဥပဒေအရ မဟုတ်ဘဲနဲ့ ဥပဒေကို တလွဲအသုံးချပြီးတော့ လုပ်နေတာတွေ၊ တစ်ခါတလေကျရင် ဥပဒေကို ပြောင်ချိုးဖောက်ပြီး လုပ်နေတာတွေလည်း ရှိပါတယ်။ ဒီလိုကိစ္စမျိုးတွေ ဆိုလို့ရှိရင်တော့ ကျနော်တို့က နစ်နာသူတွေ ထိခိုက်ခံစားရသူတွေဘက်က ရပ်တည်ပြီးတော့ ကျနော်တို့ တရားမျှတမှုရှိအောင်၊ ဒီထက်ပိုပြီးတော့ လုံခြုံမှု ရှိအောင်၊ ဒီထက်ပိုပြီးတော့ အခွင့်အရေးတွေ အချိုးဖောက် မခံရအောင် ကျနော်တို့က နည်းလမ်းအမျိုးမျိုးရှိမှာပေါ့နော်။ သက်ဆိုင်ရာနဲ့ ပူးပေါင်းဆောင်ရွက်တာလည်း ရှိရင်ရှိမယ်၊ ဒါမှမဟုတ်ရင်လည်း တခြားနည်းလမ်းလည်း ဖြစ်ရင်ဖြစ်မယ်ပေါ့။ ကျနော်တို့ ရနိုင်မယ့် နည်းလမ်းတွေနဲ့ ကျနော်တို့က ဆောင်ရွက်သွားမှာပါ။ လတ်တလောမှာလည်း အဲဒီလိုကိစ္စတွေ ကျနော်တို့က အများကြီး ဆောင်ရွက်နေတာ ရှိပါတယ်။ ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့။ အဲဒီတော့ ကျနော့်ဆီမှာ ဒီလို စာမဟုတ်ဘဲနဲ့ ဗီဒီယိုနဲ့ ကြိုတင်ရယူပြီးတော့ မေးခွန်းမေးမြန်းထားတာ ရှိပါတယ်။ သူကတော့ USDP ကို မေးထားတာပါ။ အခု အဲဒီ ဗီဒီယိုဖိုင်လေးကို ဖွင့်ပြပါမယ်။ မေး။     ။ အကယ်၍ ဒီအစီအစဉ်မှာပေါ့နော်၊ မေးခွန်းမေးခွင့်ရမယ်ဆိုရင် ညီမအနေနဲ့ USDP ပါတီကို မေးခွန်းမေးချင်ပါတယ်ပေါ့နော်။ အဓိကကတော့ ဒီ နေရာတိုင်းမှာ အမျိုးသမီးတွေက အကြမ်းဖက်မှုတွေ ကြုံတွေနေရတယ်။ ဒါပေမယ့် ပဋိပက္ခဖြစ်တဲ့ ဒေသတွေမှာဆိုလို့ရှိရင် အမျိုးသမီးတွေဆိုရင် ပိုပြီးတော့ အကြမ်းဖက် ခံရတာတွေ ပိုပြီးတော့ ကြုံတွေ့ရတယ်ပေါ့နော်။ အကယ်၍ ဒီ USDP ပါတီသာ ၂၀၂၀ မှာ ပြန်ပြီးတော့ အာဏာပြန်ပြီးတော့ ရခဲ့တယ်၊ နိုင်ခဲ့တယ်ဆိုရင်ပေါ့ သူတို့တွေအတွက် ဘာလုပ်ပေးဖို့ ရှိလဲဆိုတဲ့ မေးခွန်းကို ကျမအနေနဲ့ မေးချင်ပါတယ်။ ဖြေ။     ။ ဟုတ်ကဲ့။ ဒီမေးခွန်းကို ပြောရမယ်ဆိုရင်တော့ ကျမတို့တွေက အဓိက ပြောရမယ်ဆိုရင် ပြည်သူ့အတွက် အာမခံချက်ထဲမှာကိုက အမျိုးသမီးတွေအတွက် ဆိုလို့ရှိရင် ကျမတို့ အမျိုးသမီးတွေ အတွက်၊ ဘဝလုံခြုံမှုတွေအတွက် ဦးစားပေးဆောင်ရွက်သွားဖို့လည်း အစီအစဉ်ရှိပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ကိုလည်း ဆောင်ရွက်သွားဖို့ အစီအစဉ်တွေ ရှိပါတယ်လို့ ကျမအနေနဲ့ ပြောလိုပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်။ ဟုတ်ကဲ့။ အဲဒီတော့ ကျနော်တို့ ဒီအစီအစဉ်ကို စာနဲ့ရေးသားပေးပို့ မေးမြန်းကြသူတွေကိုရော၊ ဗီဒီယိုနဲ့ ကြိုတင်ရယူပြီးတော့ ကျနော်တို့ကို မေးမြန်းထားကြသူတွေရော၊ ဒီဘက်က ဖြေကြားပေးတဲ့ ပါတီက ကိုယ်စားလှယ်များကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ အဓိကကတော့ ကိုယ်မရွေးမယ့်ပါတီရှိမယ်၊ ကိုယ်သဘောကျမယ့် ပါတီရှိမယ်။ ဒါပေမယ့် ဘယ်သူပဲ တက်လာလာ ဖြစ်စေချင်တာပေါ့နော်၊ ညီမ ဒီ မြန်မာနိုင်ငံကြီးတစ်ခုလုံး အနေနဲ့ဆိုရင်တော့ တော်တော်များများတော့ တိုးတက်မှုတွေ လုပ်ဆောင်နေကြတယ်ပေါ့နော်။ ဒါပေမယ့် တချို့ နယ်စပ်ဒေသတွေမှာ စစ်ပွဲတွေ၊ ပြည်တွင်းစစ်တွေ ဖြစ်နေကြတုန်းပဲဆိုတော့ တကယ်လို့ နောက်အစိုးရမှာ ဆိုလို့ရှိရင်တော့ ဒီပြည်တွင်းစစ်တွေကို အတတ်နိုင်ဆုံး လုံးဝမဖြစ်စေချင်ဘူးပေါ့နော်။ ငြိမ်းချမ်းရေးကို ပိုပြီး လိုလားပါတယ်။ ပထမဆုံး မဲပေးရမယ်ဆိုတော့ နည်းနည်းလေးတော့ စိတ်လှုပ်ရှားတယ်ပေါ့နော်။ အခု ဒီအချိန်ကတော့ နည်းနည်းလေး မဲပေးရတာ ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းတဲ့ အချိန်ရောက်လာပြီပေါ့နော်။ ပါတီကလည်း များလာပြီ။ အဲဒီအချိန်မှာ ကျနော်တို့ ပထမဆုံးမဲပေးရမယ့်သူတွေ အနေနဲ့ တော်တော်လေးလည်း စိတ်လှုပ်ရှားပါတယ်။ ပြီးတဲ့အခါကျတော့ ရလဒ်ကိုလည်း အရမ်းသိချင်နေတယ်ပေါ့နော်။ အသက်ပြည့်ပြီးရင် ဒါက ကိုယ့်ရဲ့ အခွင့်အရေးဖြစ်သွားပြီပေါ့နော်။ ဒီမဲတစ်ပြားက ကိုယ့်ရဲ့အခွင့်အရေး ဖြစ်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကိုယ့်အခွင့်အရေးကို ကိုယ်အပြည့်အဝယူပေါ့နော်။ ဘယ်သူ့ကို မဲပေးဆိုတာထက် ကိုယ်မဲပေးဖို့လိုတယ်ပေါ့နော်။ ပယ်မဲဖြစ်တာပဲ ဖြစ်ဖြစ်၊ မဲကတော့ ပေးကြပါ။ နောက်ပြီးတဲ့အခါကျတော့ ကိုယ်က အကောင်းဆုံး ဆုံးဖြတ်ပြီးတော့ ပေးတဲ့မဲ ဖြစ်စေချင်တယ်ပေါ့နော်။ အဲ့ဒါဆိုလို့ရှိရင် ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် ခံလာရတဲ့အခါမှာ ကိုယ်သေချာစဉ်းစားခဲ့ရင် နောင်တမရဘူးပေါ့။ ဟုတ်ကဲ့ပါ။ ဒါကတော့ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ ပထမအကြိမ်မဲပေးမယ့် လူငယ်လေးတွေရဲ့၊ သူတို့ရဲ့ သဘောထားလေးတွေကို နားထောင်ခဲ့ရတာပဲ ဖြစ်ပါတယ်ရှင်။ အဲဒီတော့ အခု ဆက်ပြီးတော့ ကျမတို့ တိုက်ရိုက်မေးမြန်းတဲ့ မေးခွန်းမေးတဲ့အစီအစဉ်ကို စတင်တော့မှာ ဖြစ်ပါတယ်။ အဲဒီတော့ ပထမဆုံးကတော့ မောင်လေး မောင်ထွန်းလင်းအောင်၊ မောင်လေးမေးခွန်းမေးလို့ရပြီနော် မောင်လေး။ မေး။     ။ ဟုတ်ကဲ့ပါခင်ဗျာ။ မသန်စွမ်းသူတွေဆိုရင် အတန်းတွေအောင်တယ်၊ ဘွဲ့တွေရကြတယ်ပေါ့နော်။ ဒါပေမယ့် အလုပ်အကိုင်တွေကတော့ ရှားပါတယ်။ ဘွဲ့လက်မှတ်ကြီးကိုင်ပြီး လျှောက်သွားနေရသလို ဖြစ်တယ်ပေါ့နော်။ အစိုးရသစ်လက်ထက်မှာကော ဘယ်လိုမျိုး ပိုမိုပြီးတော့ ကျနော်တို့ မသန်စွမ်းတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဘယ်လိုမျိုးစီမံကိန်းတွေ ချမှတ်ထားလဲဆိုတာကို ကျနော်သိချင်ပါတယ် ခင်ဗျ။ ကြံ့ခိုင်ရေးပါတီကို ကျနော်မေးမှာပါခင်ဗျ။ ဖြေ။     ။ ခုနက မောင်လေးမေးတဲ့မေးခွန်းဆိုရင် စောစောတုန်းကလည်း တစ်ယောက် မေးထားတာလည်း ရှိပါတယ်။ အဓိကကတော့ အစ်မတို့အနေနဲ့ စောစောတုန်းကအတိုင်းပဲ အစ်မတို့ ပြောရမယ်ဆိုရင်တော့ အစ်မတို့တွေ အနေနဲ့ကတော့ အလုပ်အကိုင်အခွင့်အလမ်းတွေကို အကုန်လုံးအတွက် တန်းတူညီမျှ ဆောင်ရွက်သွားဖို့ အစီအစဉ်လေးတွေကိုလည်း အစ်မတို့ပါတီအနေနဲ့ကတော့ ဆောင်ရွက်ထားတာတွေ ရှိပါတယ်လို့ အစ်မအနေနဲ့ ပြောလိုပါတယ်။ ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ပါ။ နောက်ထပ်တစ်ယောက်ကတော့ မောင်လေး မောင်နိုင်နိုင်ဇော်၊ မောင်လေး မေးခွန်းမေးလို့ ရပါပြီနော်။ မေး။     ။ USDP ပါတီအနေနဲ့ အစိုးရဖွဲ့နိုင်မယ်ဆိုရင်ပေါ့နော်၊ အခြေခံဥပဒေ … ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးမှာရော ဘယ်လိုတွေ ဆက်လက်ပြီးတော့ ပြင်ဆင်ဖို့ရှိသလဲ၊ ပြည်သူတွေအပ်နှင်းတဲ့ အာဏာရအစိုးရရဲ့ အောက်ကို တပ်မတော်ရောက်ရှိအောင် ဘယ်လိုတွေ ဆောင်ရွက်ဖို့ရှိသလဲ၊ ငြိမ်းချမ်းအောင်လည်း ဘယ်လိုတွေ ဆက်လက် လုပ်ဆောင်ဖို့ရှိသလဲ၊ ပြီးတော့ နောက်ထပ် အစိုးရ အမျိုးအစားလေးမျိုးထဲက ဘယ်လိုအစိုးရမျိုးကို ဆက်လက်သွားမယ်ဆိုတာ မျှော်မှန်းထားသလဲခင်ဗျာ။ ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့၊ USDP က ဒေါ်ဝါဝါလှိုင်။ ဖြေ။     ။ ဟုတ်ကဲ့။ မောင်လေးမေးသွားတဲ့ မေးခွန်းမှာဆိုရင် အပိုင်းလေးပိုင်းပါတယ်လို့ အစ်မ မြင်မိပါတယ်။ ပထမဦးဆုံး အပိုင်းအနေနဲ့ ပြောရမယ်ဆိုရင်၊ အစ်မတို့ Constitution ၂၀၀၈ နဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် အစ်မတို့ ပါတီကနေ ချမှတ်ထားတဲ့ ပြည်သူ့အတွက် အာမခံချက်ထဲမှာကိုက အစ်မတို့ ပထမဦးဆုံးပြင်မှာက ပုဒ်မ ၂၆၁ ဖြစ်ပါတယ်။ ဒါကတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေနဲ့ ပတ်သက်ပြီးတော့မှ အစ်မတို့ ပုဒ်မ ၂၆၁ ကို ပြင်ဖို့ ရှိပါတယ်။ နောက် ဒုတိယတစ်ချက် မေးခွန်းအနေနဲ့ကတော့ မောင်လေးအနေနဲ့ အစ်မတို့ ပြည်ခိုင်ဖြိုးက အာဏာပြန်ရမယ်ဆိုရင် တပ်မတော်အနေနဲ့ အခန်းကဏ္ဍ ဘယ်လိုရှိမလဲဆိုရင် အစ်မတို့ လက်ရှိ အစိုးရအဆက်ဆက်မှာလည်း တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်တာတွေ ရှိပါတယ်။ အဲဒီတော့ ခေတ်အဆက်ဆက် ဆောင်ရွက်လာတဲ့ ဆောင်ရွက်ချက်တွေနဲ့ အညီ အစ်မတို့ ပြည်ခိုင်ဖြိုးပါတီ ဆက်လက် အာဏာရမယ်ဆိုရင် အစ်မတို့ လက်ရှိအနေအထားအတိုင်း ဆောင်ရွက်သွားဖို့ အဆင်သင့် ဖြစ်ပါတယ်။ နောက်တတိယမြောက် မေးခွန်းအနေနဲ့ ပြောရမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြောရရင် အစ်မတို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂၀၁၀ - ၂၀၁၅ လက်ထက်မှာပဲ အစ်မတို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ ဒီလို ဆွေးနွေးချက်လေးတွေ ပြောရမယ်ဆိုရင်တော့ အစ်မတို့ ပြည်ခိုင်ဖြိုးပါတီသာ အနိုင်ရခဲ့မယ်ဆိုရင်လည်း ဒါ ငြိမ်းချမ်းရေးကို ဆက်လက်ပြီးတော့ ဆောင်ရွက်သွားပါ့မယ်လို့ ပြောချင်ပါတယ်။ နောက်ဆုံးမေးခွန်းအနေနဲ့ ပြောရမယ်ဆိုရင်လည်း အစ်မတို့ စောစောတုန်းက မေးခွန်းသုံးခုကို ခြုံငုံပြီး ပြောရမယ်ဆိုရင် အစ်မတို့ အစစအရာရာ အားလုံးကို ဆောင်ရွက်သွားဖို့ အဆင်သင့်ဖြစ်ပါတယ်လို့ မောင်လေးရဲ့ မေးမြန်းမှုကို အစ်မအနေနဲ့ ဖြေကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။ လူငယ်တွေကို နေရာတစ်နေရာပေးပြီးတော့မှ လူငယ်တွေရဲ့ အတွေးတွေ၊ အမြင်တွေကို လက်ခံလာစေချင်တယ်ပေါ့နော်။ ဒီ တက်တဲ့အစိုးရကိုပေါ့။ နောက်ပြီး LGBT တွေရဲ့ အခွင့်အရေးတွေကိုလည်း လမ်းဖွင့်ပေးနိုင်မယ့် အစိုးရတစ်ရပ် ဖြစ်လာစေချင်တယ်ပေါ့။ တရားဥပဒေ စိုးမိုးဖို့၊ နောက်ပြီးတော့ Equality ဖြစ်ဖို့ပေါ့နော်။ အဲဒါတွေ အဓိက ဖြေရှင်းပေးစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေ အဓိက ဖြေရှင်းပေးနိုင်မှ ကျန်တဲ့ဟာတွေက ငြိမ်းချမ်းဖို့ပေါ့နော်၊ ကျနော်တို့ဒေသက ငြိမ်းချမ်းတယ်၊ ဒါပေမယ့် ကျန်တဲ့ဒေသ ငြိမ်းချမ်းဖို့ပေါ့။ အဲဒီဟာသုံးခုကို သွားနိုင်ရင်တော့ ကျန်တဲ့ဟာတွေက အလိုလို Develop ဖြစ်လာမယ်ပေါ့နော်။ မဲကတော့ မဖြစ်မနေပေးကြပါလို့။ နောက်ပြီးတော့ တကယ်ကိုယ်ရွေးချယ်မယ့် ကိုယ်မဲပေးမယ့်ပါတီကို မှန်မှန်ကန်ကန် ရွေးချယ်ပြီးတော့ ပေးကြပါလို့။ ပထမဦးဆုံး မဲပေးမယ့်လူငယ်တွေကိုလည်းလေ သေသေချာချာလေ့လာပြီးတော့ တကယ်ကို ကိုယ့်ပြည်နယ်၊ ကိုယ့်နိုင်ငံအတွက် ကောင်းတဲ့မူဝါဒတွေ ဖော်ဆောင်ပေးနိုင်မယ့် ပါတီကိုပဲ မဲပေးစေချင်တယ်ပေါ့။ အဓိကကတော့ ပညာရေးစနစ်ပေါ့။ ပညာရေးစနစ်က အခုဥစ္စာက ကလေးတွေကအစ ပညာရေးက ပြောင်းနေတာဆိုတော့ ပညာရေးစနစ်က ဘယ်လောက်ထိ ပြောင်းလဲလိုက်ပြီဆိုရင် ဘယ်လောက်ထိ ကောင်းသွားမလဲပေါ့၊ အရင်တုန်းကနဲ့ ဘယ်လိုကွာသွားမလဲပေါ့။ အဲဒါမျိုးတော့ နည်းနည်းတော့ မျှော်လင့်ထားတာမျိုးတော့ ရှိတယ်ပေါ့။ ပညာရေးကတော့ အဓိကပဲ။ ရွေးကောက်ပွဲမှာ မှန်မှန်ကန်ကန်နဲ့ အကုန်လုံးကို တရားမျှတတဲ့ ကိုယ်ရွေးချယ်ချင်တဲ့ ပါတီကိုပဲ မှန်မှန်ကန်ကန်ရွေးဖို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ ဟုတ်ကဲ့ပါ။ ဒါကတော့ မန္တလေးတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ပထမအကြိမ်မဲပေးရမယ့် လူငယ်လေးတွေရဲ့ သဘောထားလေးတွေကို နားထောင်ခဲ့ရတာပဲ ဖြစ်ပါတယ်ရှင်။ အခု ဆက်ပြီးတော့ ကျမတို့ဆီကို ဗီဒီယိုတွေနဲ့ ပေးပို့တာရှိတယ်။ တိုက်ရိုက်မေးတဲ့ လူငယ်တွေ ရှိသလို စာနဲ့ပေးပို့ပြီးတော့ မေးလာတဲ့ လူငယ်တွေ ရှိတယ်ပေါ့နော်။ အခုတစ်ခေါက်ကတော့ မောင်လေးထွန်းခန့်ဝင်းက စာနဲ့ပေးပို့ပြီး မေးထားတာကို ဖတ်ပြပေးမှာပါ။ တကယ်လို့များ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့လို့ရှိရင် ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက် မြန်မာတနိုင်ငံလုံး အပြီးတိုင်ငြိမ်းချမ်းဖို့နဲ့ ပညာရေးအတွက် ဘာတွေများလုပ်ဖို့ အလားအလာ ရှိပါသလဲတဲ့။ ပညာရေးအတွက် ဘာလုပ်ဖို့ ရည်မှန်းထားပါသလဲဆိုပြီးတော့ သူက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို မေးထားပါတယ်ရှင်။ ဖြေ။     ။ ကျမတို့အနေနဲ့ ပထမဦးဆုံးလုပ်ဆောင်ရမှာကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့လည်း ပြည်ခိုင်ဖြိုးပါတီလက်ထက်၊ သမ္မတကြီးဦးသိန်းစိန်လက်ထက်မှာလည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးထားတာတွေလည်း ရှိပါတယ်။ အပြီးအပိုင်ဆွေးနွေးဖို့ကိုလည်း ပြောရမယ်ဆိုရင်တော့ ဆွေးနွေးမှုရဲ့ သဘောတရားဆိုတာကတော့ အားလုံးက ညှိနှိုင်းပေါင်းစပ်ပြီး ယူရတဲ့ သဘောတရား ဖြစ်ပါတယ်။ အရာရာအားလုံးကတော့ ပြီးပြတ်အောင်ဆောင်ရွက်သင့်တဲ့၊ ဆောင်ရွက်နေတဲ့ အနေအထားရှိတယ်လို့ ပထမမေးခွန်းအနေနဲ့ ဖြေလိုပါတယ်။ ဒုတိယမေးခွန်းအနေနဲ့ ပြောရမယ်ဆိုလို့ရှိရင်တော့ ကျမတို့အနေနဲ့ကတော့ ဆောင်ရွက်ထားတဲ့ အနေအထားတွေကလည်း အသင့်အနေအထားတွေနဲ့ ဆောင်ရွက်ထားတာ အားလုံး ရှိပါတယ်လို့ပဲ ပြောလိုပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်။ ဟုတ်ကဲ့ပါ၊ ကျေးဇူးပါ။ ဆိုတော့အခု နောက်ထပ်တစ်ယောက်ကတော့ တိုက်ရိုက်မေးမယ့် မောင်လေးပေါ့နော်။ မောင်လေးရှင်းကိုကိုကြိုင်၊ မောင်လေး မေးခွန်းမေးလို့ရပြီနော်။ မေး။     ။ မူးယစ်ဆေးဝါးတွေ၊ လက်နက်ခဲယမ်းမှောင်ခိုမှုတွေ ဖမ်းဆီးရမှုတွေမှာ ပစ္စည်းတန်ဖိုးနည်းရင်ကတော့ ဖော်ထုတ်နိုင်တယ်၊ တန်ဖိုးများရင် ပိုင်ရှင်မဲ့ဖြစ်သွားတာကိစ္စတွေကို နိုင်ငံရေးပါတီဖြစ်တဲ့ NLD ပါတီက သူတို့နဲ့ လုံးဝ မသက်ဆိုင်ပါဘူးတဲ့။ ပြည်ထဲရေးနဲ့ပဲ သက်ဆိုင်တယ်လို့ ပြောထားတယ်။ နောက်ပြီး အစိုးရဘက်ကလည်း ဗစ်တိုးရီးယားကိစ္စကနေပြီးတော့ ကိစ္စကြီးတွေမှာပဲ ဖြစ်ဖြစ် ပြည်ထဲရေးကို ဝင်ရောက်စွက်ဖက်လို့ မရဘူးဆိုတာလည်း တွေ့ရတယ်။ အဲဒီတော့ ပြည်ထဲရေးက ဥပဒေနဲ့အညီ အပြည့်အဝ မဆောင်ရွက် မဖော်ထုတ်သမျှကို ဒီထဲကနေပြီးတော့ ဘယ်ပါတီပဲဖြစ်ဖြစ် အနိုင်ရရှိမယ့်ပါတီက ဘယ်လိုများ ဆောင်ရွက်ပေးသွားမလဲဆိုတာ သိချင်တာပါ။ ဟုတ်ကဲ့။ အဲဒီတော့ လူ့ဘောင်သစ်က ဦးအောင်မှိုင်းဆန်း၊ ဖြေပေးလို့ရမလားရှင့်၊ ဒီမေးခွန်းကို။ ဖြေ။     ။ ဟုတ်ကဲ့ပါ။ အဲဒီတော့ မူးယစ်ဆေးဝါး ပြဿနာက ကမ္ဘာနဲ့ချီပြီး ရင်ဆိုင်နေရတဲ့ ပြဿနာပေါ့နော်။ အဲဒီဟာက အထူးသဖြင့် မြန်မာနိုင်ငံက ပိုပြီးတော့တောင်မှ ရင်ဆိုင်ရတယ်။ ပိုဆိုးတာက မူးယစ်ဆေးဝါးအများဆုံး ထွက်ရှိတဲ့ဒေသထဲမှာ မြန်မာနိုင်ငံလည်း ပါနေတယ်။ ပါနေတဲ့အခါကျတော့ ဒီကိစ္စက တော်တော်ကို ဖြေရှင်းရခက်တဲ့ ပြဿနာပါ။ အဲဒီတော့ ပထမတစ်ချက် အနေနဲ့ကတော့ ညီလေးပြောသွားသလို မူးယစ်ဆေးဝါးဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး အရေးယူကိုင်တွယ်တဲ့ နေရာမှာ တကယ်ကို အားနည်းချက်တွေရှိနေတာ အမှန်ပါပဲ။ အဲဒီတော့ ဒီ နည်းနည်းလက်ကြီးကြီးသမားတွေဆိုရင် ဘာမှမဖြစ်ဘူး၊ နည်းနည်းအစွယ်အပွားတွေ၊ ကိုင်းဖျားတွေဆိုလို့ရှိရင် အမြဲတမ်း ခံရတယ်ဆိုတဲ့၊ မိတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဒါက ဘာကိုပြနေလဲဆိုလို့ရှိရင် သက်ဆိုင်ရာ ဖြေရှင်းဆောင်ရွက်ရမယ့် ယန္တယားတွေ၊ ဥပမာ - ရဲတွေပါမယ်၊ စသည်ဖြင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးနဲ့ ပတ်သက်ပြီး ဆက်စပ်ပတ်သက်နေတဲ့ ယန္တယားတစ်ခုလုံးမှာ အားနည်းချက်ဘာသွားတွေ့လဲဆိုတော့ တရားဥပဒေစိုးမိုးမှုဆိုင်ရာ အားနည်းချက်ကို သွားပြီးတော့ တွေ့တယ်။ နောက် အကျင့်ပျက်ခြစားမှုဆိုင်ရာ ပြဿနာတွေ ရှိနေတယ်လို့ ကျနော်ကတော့ ယုံကြည်တယ်။ ဆိုတော့ အဲဒါတွေကို ဖြေရှင်းနိုင်မှ စောစောကပြဿနာကို ကျနော်တို့က ဖြေရှင်းနိုင်မှာဖြစ်တယ်။ နောက်တစ်ခုက ကျနော်တို့ ပြည်တွင်းစစ်ဖြစ်နေတဲ့ အနေအထားက မြန်မာနိုင်ငံက ရှိနေတုန်းပဲ။ အဲဒီတော့ ပြည်တွင်းစစ်ကို ရပ်ဆိုင်းပြီး ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းကို အကောင်အထည် ဖော်နိုင်မှလည်း တချို့ကိစ္စတွေမှာ ဒီမူးယစ်ဆေးဝါး ပြဿနာက လျော့ပါးသွားမှာ။ မူးယစ်ဆေးဝါး ပြဿနာ လျော့ပါးဖို့ဆိုရင် တိုင်းပြည်ငြိမ်းချမ်းဖို့ကို ဆောင်ရွက်ဖို့ကလည်း အရေးကြီးတယ်။ နောက်တစ်ခုက မူးယစ်ဆေးဝါး နှိမ်နင်းရေးနဲ့ ပတ်သက်တဲ့ ယန္တယားတွေ အကုန်လုံးက တကယ်ကို တရားဥပဒေစိုးမိုးရေး အနေအထားမှာ ဖြစ်နေရမယ်၊ အဂတိလိုက်စားမှုတွေ ကင်းနေရမယ်။ အဲဒီလိုအနေအထားတွေ ဖြစ်နေမှပဲ ကျနော်တို့ ဖြေရှင်းလို့ရမှာ။ အဲဒီတော့ အဲဒီလိုဖြစ်ဖို့ ဆိုလို့ရှိရင် ကျနော်တို့က အနိုင်ရပါတီတရပ်အနေနဲ့တော့ ဘယ်အစိုးရတက်တက် တော်တော်ကို ခက်ခက်ခဲခဲ ဖြေရှင်းရမယ့် ပြဿနာလို့ မြင်ပါတယ်။ ကျေးဇူးပါပဲ။ ဟုတ်ကဲ့၊ ကျေးဇူးပါ။ ထပ်ပြီးတော့ ဒီမေးခွန်းကိုပဲလေ၊ ပြည်သူ့ပါတီက ဦးကျော်ကျော်စိုးကို မေးချင်ပါတယ်ရှင့်။ ဆရာ ဖြေပေးပါဦး။ ဖြေ။     ။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ခဲ့ရင်တော့ အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့တော့ ကျနော်တို့ ဆောင်ရွက်ရမှာပဲ။ နောက်ပြီးတော့ ဒီမူးယစ်ဆေးဝါး ပြဿနာက အားလုံး ပူးပေါင်းဆောင်ရွက်မှသာလျှင် အောင်မြင်နိုင်မယ်။ အခုမူးယစ်ဆေးဝါး နှိမ်နင်းရေးဆိုပြီးတော့ လုပ်တယ်။ ဒါပေမယ့် အစိုးရတစ်ဖွဲ့တည်းနဲ့လည်း လုပ်လို့မရဘူး၊ ကျနော်တို့ တိုင်းရင်းသားပြည်သူလူထု အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ရမယ်။ အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းလာဖို့လည်း လိုတယ်။ အဲဒီတော့ နိုင်ငံတော်ရဲ့ မူးယစ်ဆေးဝါး ပြဿနာမှာ သတင်းမီဒီယာကိစ္စကလည်း အဓိကဖြစ်တယ်။ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်ကို တိတိကျကျပေါ့ သတင်းယူခွင့်၊ သတင်းထုတ်ပြန်ခွင့်တွေရော ရှိသလား။ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လက်ရှိဖြစ်နေတဲ့ အနေအထားမှာ တရားဥပဒေစိုးမိုးမှုက စိုးမိုးမှုရော ရှိသလား။ ဘယ်နေရာမှာ ဘာတွေဖြစ်နေလဲဆိုတဲ့ဟာကို ကျနော်တို့အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်မှသာလျှင် အဆင်ပြေနိုင်လိမ့်မယ် ဆရာမ။ တစ်ဦးတစ်ယောက်တည်းနဲ့တော့ မစစ်ဆေးနိုင်ဘူး။ အစိုးရတစ်ဦးတည်းနဲ့တော့ မူးယစ်ဆေးဝါး လုံးဝ ကင်းရှင်းသွားဖို့၊ အားလုံး ပပျောက်သွားဖို့ဆိုတာတော့ အဆင်မပြေနိုင်ဘူး။ ပြည်သူလူထုကလည်း ပါဝင်ရမယ်၊ လူငယ်ထုကလည်း ပါဝင်ရမယ်၊ တိုင်းရင်းသားပြည်သူအားလုံးကလည်း ပါဝင်ရမယ်၊ နိုင်ငံတကာရဲ့ အကူအညီကိုလည်း ရယူဆောင်ရွက်ရမယ်ဆရာမ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ပါ၊ ကျေးဇူးပါ။ အဲဒီတော့ နောက်ထပ်တစ်ယောက်က မောင်လေး အေးချမ်းဖြိုး။ မေး။     ။ ကျနော်မေးချင်တဲ့ မေးခွန်းကတော့ ဘယ်ပါတီမှာနေနေ ကျနော်တို့တွေ ဖက်ဒရယ်ဆိုတဲ့ ပြည်ထောင်စုကို သွားနေတဲ့အခါမှာ ဖက်ဒရယ်မှာ နှစ်ရပ်ရှိတဲ့နေရာမှာ ကျနော်တို့မြန်မာနိုင်ငံအနေနဲ့ ဘယ်ဖက်ဒရယ်ကို သွားနေတာလဲ မသိဘူး။ နောက်တစ်ခု မေးချင်တဲ့ မေးခွန်းကတော့ ကျနော်တွေက တိုင်းရင်းသားလူမျိုးတွေက ဖက်ဒရယ်ရမှ ငြိမ်းချမ်းမှာလား၊ ငြိမ်းချမ်းဖို့အတွက် ဖက်ဒရယ်သွားနေတာလားဆိုတဲ့ ဇဝေဇဝါတွေလည်း ဖြစ်နေကြတယ်လို့ ကျနော်တို့ သိရပါတယ်။ နောက်တစ်ခုအနေနဲ့ကတော့ နောက်ဆုံးတစ်ချက် မေးချင်တာကတော့ ကျနော်တို့တတွေ ၂၁ ရာစု ပင်လုံညီလာခံမှာ လက်နက်ကိုင်တွေနဲ့ NCA စာချုပ် ချုပ်ပြီးတဲ့အခါမှာ၊ တကယ်လို့သာ NCA စာချုပ် ချုပ်ပြီးရင် ငြိမ်းချမ်းရေးသာ ရသွားမယ်ဆိုရင် လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ နှစ်ပေါင်း ၇၀ ကျော်ခံခဲ့ရတဲ့ ဒေသတွေ၊ ရခိုင်ဒေသတွေမှာဆိုရင် တကယ်လို့သာ ငြိမ်းချမ်းရေး ရသွားမယ်ဆိုရင် အာဏာရပါတီအနေနဲ့ သူတို့ရဲ့ ကလေးတွေရဲ့ ပညာရေး၊ ပြီးတော့ သူတို့ရဲ့ စားဝတ်နေရေးတွေကို ဘယ်လို စီမံခန့်ခွဲဖို့အတွက် အာဏာရပါတီအနေနဲ့ ဘယ်လိုပြုမူဆောင်ရွက်မယ်ဆိုတာ သိချင်ပါတယ်။ ဆိုတော့ မောင်လေးအခု ဘယ်ပါတီကို မေးချင်လဲမောင်လေး။ မေး။     ။ ကျနော် USDP ကို မေးချင်ပါတယ်ခင်ဗျ။ ဟုတ်ကဲ့ USDP က ဒေါ်ဝါဝါလှိုင်ဖြေပေးပါဦးနော်။ ဖြေ။     ။ ဟုတ်ကဲ့ပါ။ အခုအနေအထားအရ ဒါ ကျမတို့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) မှာကိုက ဒါ အစ်မတို့ မြင်တဲ့အတိုင်းပဲလေ၊ ဒါ ဖက်ဒရယ်ပြည်ထောင်စု သမ္မတနိုင်ငံတော် ဖြစ်ပါတယ်။ အဲဒီလို ဖြစ်တဲ့အတွက် အစ်မတို့ကတော့ အစ်မတို့ပါတီအနေနဲ့ ပြောရမယ်ဆိုရင် အစ်မတို့ကတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားတွေ ၁၃၅ မျိုးနဲ့အတူတကွ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ နောက်တစ်ခုအနေနဲ့က ခုနက မောင်လေးပြောတဲ့ ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့ အစ်မတို့ လက်ရှိကာလမှာ အစ်မတို့အစိုးရ မဟုတ်တဲ့အတွက် ဒီဟာနဲ့ ပတ်သက်လို့ရှိရင်တော့ အစ်မတို့အနေနဲ့ကတော့ ဖြေကြားပေးနိုင်မှု မရှိပါဘူး။ သို့သော်လည်းပဲ အစ်မတို့အနေနဲ့ နောင်လာမယ့် ၂၀၂၀ ရွေးကောက်ပွဲပြီးလို့ အစ်မတို့ ပါတီက အနိုင်ရခဲ့မယ်ဆိုရင် သတ်မှတ်ထားတဲ့ ပြည်နယ်နဲ့တိုင်းအလိုက် ဆောင်ရွက်ရမယ့် လိုအပ်ချက်တွေကို ဒေသအလိုက် ကြည့်ပြီးတော့ အစ်မတို့အနေနဲ့ ဒေသအလိုက် အကျိုးပြုစေမယ့် ဆောင်ရွက်ချက်တွေကိုလည်း ဆက်လက် ဆောင်ရွက်သွားပါမယ်လို့ မောင်လေးရဲ့ မေးခွန်းကို အစ်မအနေနဲ့ ဖြေကြားပေးချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ပါ။ အဲဒီတော့ မေးခွန်းမေးပေးသွားတဲ့ မောင်လေးတွေ၊ ညီမလေးတွေကိုရော ဒီဘက်က ဖြေပေးသွားတဲ့ ပါတီအသီးသီးက တာဝန်ရှိတဲ့သူတွေကိုကော ကျေးဇူးတင်ပါတယ်ရှင့်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024