Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁,၁၃၆ ဦးတွင် ရန်ကုန်က  ၉၀၁ ဦး၊ အနံ့မရရှိသူ ၁၆၀ ပါဝင်
DVB
·
November 5, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၁၃၆ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၉၀၁ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ   ၆ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ လှိုင် ၉၇  ယောက်၊ တောင်ဥက္ကလာ ၆၃ ယောက်နဲ့ လှိုင်သာယာ ၆၁ ယောက်နဲ့ အများဆုံးတွေ့ရှိခဲ့ပြီး စုစုပေါင်း မြို့နယ် ၄၂ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေး တိုင်းမြို့နယ်  ၁၃ ခုမှာ ၇၀ ယောက်၊ မကွေးတိုင်းမြို့နယ် ၇ ခုမှာ ၁၂ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၆ ခုမှာ ၆၃ ယောက် ၊ ဧရာဝတီတိုင်းမြို့နယ် ၁၀ ခုမှာ ၂၃ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၂ ခုမှာ ၂ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၄ ခုမှာ ၁၃ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၇ ခုမှာ ၁၈ ယောက်၊ နေပြည်တော် မြို့နယ် ၂ ခုမှာ ၂ ယောက်၊ တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ၃ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၅ ခုမှာ  ၁၈ ယောက်၊ ချင်းပြည်နယ်မြို့နယ် ၂ ခုမှာ ၂ ယောက်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ၁ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၃ ခုမှာ  ၈ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ  ၁၆၀ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၄ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၅၆,၉၄၀ ယောက်၊ သေဆုံးသူ ၁,၃၃၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၄၀,၇၇၈ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၈ သန်း ကျော်၊ သေဆုံးသူ ၁ ဒသမ ၂ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၄ ဒသမ ၆ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024