ကိုဗစ်ကူးစက်ခံရသည့် ဘိုင်ယန်နောက်ခံလူ နီကလပ်ဆူးလာ ချန်ပီယံလိဂ်လူစာရင်းမှ နုတ်ထွက်
DVB
·
November 3, 2020
ချန်ပီယံလိဂ် ကစားမယ့် ဘိုင်ယန်အသင်းလူစာရင်းမှာ နောက်ခံလူ နစ်ကလပ်ဆူးလာမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့လို့ နုတ်ထွက်ခဲ့ရပါတယ်။
ဘိုင်ယန်မြူးနစ် ကစားသမားတွေထဲမှာ ဒုတိယမြောက် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး ပထမဆုံးအကြိမ် ပိုးတွေ့ရှိခဲ့တဲ့ နာဘရီကတော့ ပြန်လည်ကစားနေပြီ ဖြစ်ပါတယ်။
နစ်ကလပ်ဆူးလာအနေနဲ့ လူစာရင်းကနေ နုတ်ထွက်ခဲ့ရလို့ ရွေးချယ်စရာ ကစားသမားတစ်ဦး မရှိတော့ကြောင်း၊ လိဂ်ပြိုင်ပွဲတွေမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူတွေ များလာတာကြောင့် အခြေအနေကို လက်ခံသွားရမှာဖြစ်ပြီး နောက်ထပ်ပိုးတွေ့ရှိသူ ထပ်မတွေ့ဖို့ မျှော်လင့်ကြောင်း နည်းပြ ဟန်ဆီဖလစ်က ပြောပါတယ်။
ဘိုင်ယန်အသင်းဟာ သြစတြီးယားကလပ် ဆဲလ်ဘက်အသင်းနဲ့ ဒီကနေ့ညမှာ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။