Home
မြန်မာသတင်း
ရွေးကောက်ပွဲအတွက် တရုတ်နိုင်ငံမှဝယ်ယူသည့် နှာခေါင်းစည်းများ ရောက်ရှိ
DVB
·
October 18, 2020
လာမယ့်ရွေးကောက်ပွဲမှာ သုံးဖို့အတွက် တရုတ်နိုင်ငံဆီက ဝယ်ယူထားတဲ့ နှာခေါင်းစည်းတွေ မနေ့က ရောက်လာတယ်လို့ အစိုးရပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။ KN95 Mask ပုံး ၂၅၀၊ အရေအတွက် သုံးသိန်းဟာ မနေ့ မနက်ပိုင်းက  China Southern Airline လေကြောင်းခရီးစဉ်နဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ဆီကို ပထမအသုတ်အဖြစ် ရောက်လာတာပါ။ ဒါတွေဟာ လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေ၊ မဲရုံ တာဝန်ကျဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ဖြန့်ဝေဖို့ ဝယ်ယူထားတာလို့ ဆိုပါတယ်။ မြန်မာနိုင်ငံဟာ လာမယ့်ရွေးကောက်ပွဲအတွက် တရုတ်နိုင်ငံဆီကနေ KN95 Mask တွေ၊ PPE Medical Protective Clothing တွေ၊ Medical Cap တွေနဲ့ Goggles တွေကို တရုတ်နိုင်ငံကနေ ဝယ်ယူထားပါတယ်။ ဒီပစ္စည်းတွေဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ကတဆင့် အောက်တိုဘာ ၁၈ ရက်ကနေ နိုဝင်ဘာ ၃ ရက် အထိ အထူးလေယာဉ်တွေနဲ့ ဆက်လက် ရောက်လာမယ်လို့လည်း ဆိုပါတယ်။ Photo : Myanmaalinn
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024