Home
မြန်မာသတင်း
ကျောက်မဲမြို့ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေသည့် စစ်ရှောင် ၄၀၀ ကျော် နေရပ်ပြန်မည်
DVB
·
October 16, 2020
တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပုံဝိုးတိုက်နယ်အတွင်းက ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်ပြည်သူ ၃၅၀၀ ကျော်ထဲက ၄၀၀ ကျော် နေရပ်ပြန်ကြမယ်လို့ သိရပါတယ်။ ပုံဝိုးရွာဘုန်းကြီးကျောင်းကို ဆယ်ရက်ခန့်ကြာ ရောက်ရှိနေတဲ့ ခန့်ခဲရွာက ပြည်သူ ၂၀၀ ခန့်၊ နားဆောင်းရွာဘုန်းကြီးကျောင်းရောက်နေတဲ့ ပန်ထန်ရွာနဲ့အနီးအနားက ပြည်သူ ၉၀ ခန့်၊ နောင်ကွမ်ဘုန်းကြီး‌ ကျောင်းရောက်နေတဲ့ လုံဝယ်ရွာနဲ့အနီးနားရွာက ပြည်သူ ၉၀ ခန့်၊ ပုံဝိုးရွာအနီးနား ရွာက ပြည်သူတချို့ စုစုပေါင်း ၄၀၀ ကျော် ၅၀၀ လောက် အောက်တိုဘာ ၁၆ နေ့ ပြန်ကြမယ်လို့ သိရပါတယ်။ ပြန်မယ့်အစီအစဉ်ကိုတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းက ဦးဆောင်သွားမှာဖြစ်ပြီး၊ ကျေးရွာလူကြီးတွေ ပရဟိတအဖွဲ့တွေ ပါမယ်လို့  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ  ကိုယ်စားလှယ်လောင်း စိုင်းအောင်မြင့်က ပြောပါတယ်။  နောက်ထပ် ပြန်ချင်တဲ့ ရွာတွေက ကောင်းလန်းရွာ နဲ့ ဟဲကွီရွာက ပြည်သူတွေဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ တပ်မတော် နဲ့ RCSS တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ရပ်တန့်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024