ကိုဗစ်-၁၉ လူနာ ၃၉ ဦး ထပ်မံသေဆုံး၊ လူနာသစ် အယောက် ၁,၄၀၀ ထပ်တိုးလာ
DVB
·
October 7, 2020
ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ် အယောက် ၁,၄၀၀ တွေ့ရှိခဲ့ပြီး လူနာ ၃၉ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အောက်တိုဘာ ၇ ရက် ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၆ ရက်နေ့ ည ၈ နာရီကနေ ၇ ရက်နေ့ ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၂,၃၂၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် အယောက် ၁,၄၀၀ တွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း၂၁,၄၃၃ ယောက် ၊ သေဆုံးသူ ၅၁၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၆,၀၈၄ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။