ဖီအိုရင်တီးနား တောင်ပံကစားသမား ချီဆာကို ဂျူဗင်တပ်စ် ခေါ်ယူ

ဂျူဗင်တပ်စ်အသင်းဟာ ဖီအိုရင်တီးနားအသင်းရဲ့ အီတလီတောင်ပံကစားသမား ဖက်ဒါရီကိုချီဆာကို ယူရိုသန်း ၆၀ နီးပါး အပြောင်းအရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပါတယ်။  အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားဟာ ဂျူဗင်တပ်စ်အသင်းကို ၂ နှစ် အငှားစာချုပ်နဲ့ ပြောင်းရွှေ့မှာဖြစ်ပြီး အဲဒီနောက်မှာ အပြီးသတ် ပြောင်းရွှေ့နိုင်ဖွယ် ရှိနေပါတယ်။ ချီဆာဟာ ဖီအိုရင်တီးနားရဲ့ လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားတစ်ဦး ဖြစ်ပြီး အသင်းအတွက် ၂၀၁၆ ခုနှစ်ကတည်းက ပွဲထွက်ခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဖီအိုရင်တီးနားအတွက် ပွဲပေါင်း ၁၅၀ ကျော် ကစားပေးထားပြီး အီတလီ လက်ရွေးစင်အသင်းမှာလည်း ၁၉ ကြိမ် ပွဲထွက်ခွင့်ရရှိထားသူ ဖြစ်ပါတယ်။ ချီဆာရဲ့ ဖခင်ဖြစ်သူ အန်ရီကိုဟာ လက်ရှိ ဂျူဗင်တပ်စ်ဂိုးသမမား ဘူဖွန်နဲ့အတူ ၁၉၉၀ နှစ်တွေမှာ ပါးမားအသင်းမှာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။  ချီဆာရဲ့ အပြောင်းအရွှေ့အတွက် ဂျူဗင်တပ်စ်အသင်းဟာ လာမယ့် ၂ ရာသီအတွင်း ဖီအိုရင်တီးနားအသင်းကို ယူရို ၁၀ သန်း ပေးချေရပါမယ်။ အဲဒီနောက်မှာမှ အခြေအနေတွေပေါ် မူတည်ပြီး ပြောင်းရွှေ့ကြေးဟာ နောက်ထပ်သန်း ၄‌ေ ဖြစ်လာနိုင်ပြီး စုစုပေါင်းယူရိုသန်း ၅၀ ကျော်အထိ မြင့်တက်လာမှာ ဖြစ်ပါတယ်။ ချီဆာကို မခေါ်ယူခင် တနင်္လာနေ့အစောပိုင်းမှာ ဂျူဗင်တပ်စ်အသင်းရဲ့ အီတလီ နောက်ခံလူ မတ်တီယားဒီစီဂျီလိုဟာ လီဂူးဝမ်းကလပ် ဒီဂျွန်အသင်းကို တရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားပါတယ်။ ချီဆာဟာ တိုက်စစ်ဘယ်ခြမ်းမှာတင်မဟုတ်ဘဲ အထောင်တိုက်စစ်မှူးရဲ့ နောက်ချန် တိုက်စစ်မှူးအဖြစ်လည်း ကစားနိုင်သူ ဖြစ်တာကြောင့် သူဟာ ဂျူဗင်တပ်စ်နည်းပြ ပီယာလိုအတွက် တိုက်စစ်မှာ ရွေးချယ်စရာအသစ်တွေကို ထပ်ဖြစ်စေမယ့်သူ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက ဖီအိုရင်တီးနားအသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးခဲ့သူဖြစ်ပြီး ဖီအိုရင်တီးနားအသင်းရဲ့ အမှုဆောင်အရာရှိကလည်း သူတို့ကစားသမားကို အင်္ဂလိပ်အသင်းတချို့က စိတ်ဝင်စားနေတယ်လို့ အခုနှစ်အစောပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။  ဒါပေမဲ့ ချီဆာဟာ ဖီအိုရင်တီးနားအသင်းသားအဖြစ်ကို အသက် ၁၀ နှစ်အရွယ် ဂျူနီယာ ကစားသမားအဖြစ်ကနေ စတင်ခဲ့သူဖြစ်ပြီး သူ့ကို လက်လွှတ်လိုက်ရမှုနဲ့ပတ်သက်လို့ ဖီအိုရင်တီးနား အားကစားဒါရိုက်တာက “ချီဆာလို ကိုယ့်သားသမီးမျိုးကို ဆုံးရှုံးလိုက်ရတာက တကယ့်ကို နာကျင်ရပါတယ်”လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up