မြစ်ကြီးနားတွင် လေပြင်းကြောင့် သစ်ပင်များကျိုးကျပြိုလဲ၊ ၁ ဦးဒဏ်ရာရ
DVB
·
October 1, 2020
စက်တင်ဘာ ၃၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ သစ်ပင်တွေ ကျိုးကျပြိုလဲတာတွေဖြစ်ခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သီတာရပ်ကွက်မှာ SURF အမျိုးအစား (အနက်ရောင်)ယာဉ်ပေါ် ကျွန်းပင်ကျိုးကျခဲ့သလို ဧရာရပ်ကွက် အောင်ဆန်းလမ်းနဲ့ ရုံကြီးလမ်းထောင့်အနီးရှိညောင်ပင် အမြစ်က ပြိုလဲကျပြီး အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်ပေါ်ကို ပိမိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး သစ်ပင်လဲကျမှုကြောင့် အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်က အမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့လို့ မြစ်ကြီးနားပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။