Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကင်းစင်ရေး လွိုင်ကော်မြို့တွင် ကက်သလစ်ဘုန်းတော်ကြီးများ လှည့်လည်မေတ္တာပို့
နော်နိုရင်း
·
September 27, 2020
ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ကင်းစင်ရေးအတွက် ကက်သလစ်ဘုန်းတော်ကြီးတွေဟာ လွိုင်ကော်မြို့ကို တပတ်ပတ်ပြီး ဆုတောင်းမေတ္တာပို့ လည့်လည်တာတွေ ပြုလုပ်ခဲ့ပါတယ်။ စက်တင်ဘာ ၂၇ ရက်နေ့ ညနေ ၃ နာရီလောက်စပြီး လှည့်လည်မေတ္တာပို့ မင်္ဂလာရေ ပျက်ဖြန်း ဆုတောင်းတာလို့ လွိုင်ကော်ကတ်သလစ်သာနာ ခရစ်တော်ဘုရင်ဗဟိုကျောင်းတိုက် ဘုန်းတော်ကြီး ဖာသာ ဘရွှေက ပြောပါတယ်။   “အထူးသဖြင့် အခုထက်ထိတော့ ကျနော်တို့ ကယားပြည်နယ်ကတော့ ကင်းစင်တယ်ပေါ့နော်။ ဆက်လက်ပြီးမှ ဘုရားရှင်ရဲ့ ကာကွယ်စောင့်ရှောက်ခြင်း၊ ဘုရားသခင်ရဲ့ကောင်းကြီး မင်္ဂလာခံစားရရှိဖို့၊ ဘုရားသခင်ကျနော်တို့ကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ကျနော်တို့ ကိုယ်တော်မြတ် စက္ကရမင်တူးနဲ့လှည့်လည်ပြီးမှ ပရိတ်မင်္ဂလာရေနဲ့ ပက်ဖြန်းမှာဖြစ်ပါတယ်။ ” ဒီအစီအစဉ်ကို ကယားပြည်နယ်အစိုးရအဖွဲ့ရုံးက ကြီးမှူးပြီး လွိုင်ကော်မြို့တွင်းက ကက်သလစ်ဘုန်းတော်ကြီး ကျောင်း ၅ ကျောင်းက ဘုန်းတော်ကြီး ၅ ပါးကနေပြီး လှည့်လည်ပြီး ဆုတောင်းမင်္ဂလာရေပက်ဖြန်းတာလို့ ပြောပါတယ်။ ဘုန်းတော်ကြီးတပါးစီဟာ ကားတစီးစီအပေါ်မှာ လှည့်လည်ဆုတောင်းမေတ္တာပို့သလို သူတို့ရဲ့အရှေ့မှာတော့ ရဲကားကနေ ရှေ့ပြေးပြီး ကူညီဆောင်ရွက်ထားပါတယ်။ သူတို့လှည့်လည်ရာ လမ်းတလျှောက်မျာလည်း ကက်သလစ်သာဝင်တွေက ကားတန်းကို ကြိုဆို ဆုတောင်းတာပြုလုပ်ကြပါတယ်။ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်က ကက်သလစ်ကျောင်းတိုက်ဆရာတော် ဖာသာအယ်လ်ဖောင်းဆိုသားအီကတော့ ကိုရိုနာ ဗိုင်ရစ် ပပျောက်သွားအောင် ဆုတောင်းမေတ္တာပို့တာလို့ ပြောပါတယ်။ “ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ပပျောက်ဖို့၊ ကျနော်တို့ပြည်နယ်မှာ မဖြစ်အောင်၊ ကျနော်တို့နိုင်ငံမှာမကဘူး ကမ္ဘာပေါ်မှာ ဒီရောဂါပိုးမရှိအောင်၊ ဆက်မပွားအောင်ပေါ့၊ ဒါက ကျနော်တို့ လူမတတ်နိုင်တဲ့အပိုင်းမှာ ဘုရားသခင်တတ်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်လို့ ဘုရားသခင်ရဲ့အကူအညီနဲ့ပဲ သွားမှာဖြစ်ပါတယ်။” မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာသစ်တွေ တနေ့တခြားတိုးလာနေသလို သေဆုံးသူတွေကလည်း တိုးလာနေပါတယ်။  ကယားပြည်နယ်ဟာ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာမရှိသေးတဲ့ ပြည်နယ်ဖြစ်ပါတယ်။ ကယားပြည်နယ်မှာ အခုလို လှည့်လည်ဆုတောင်းတာ ပထမဆုံးအကြိမ်ဖြစ်ပြီး မနက်ဖြန်မှာလည်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေလည်း လှည့်လည်ဆုတောင်း မေတ္တာပို့မယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024