Home
အနုပညာ
မိခင်ဖြစ်သူသီချင်းကို ရတနာမိုင်ပြန်လည်သီဆိုသည့် “မောင်ရှိရင်မငိုပါဘူး”ဇာတ်ဝင်တေး(ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
DVB
·
September 27, 2020
“မလွမ်းပို… ဪ မငိုနဲ့တဲ့… မောင်ကတော့ပြောရက်နိုင်ခဲ့တယ်… အလွမ်းတွေနဲ့ မလွမ်းပိုလေး… မောင့်ကိုစောင့်လို့ကြိုနေပါတယ်… မလွမ်းပိုရွှေရင်အသည်း… ရင်ကွဲ အောင် ငိုတယ် ငိုတယ်… အလွမ်းမကုန်တဲ့ မလွမ်းပိုလေး… နေ့စဉ်ရက်ဆက် မျှော်နေပါတယ်… ကျန်ခဲ့သူဆိုတော့လည်း… အငိုအလွမ်းတွေဆုံခဲ့ရတယ်” ဒါကိုကြားလိုက်တာနဲ့ ပရိသတ်တွေက တချိန်က နာမည်ကြီးရုပ်ရှင်ဇာတ်ဝင်တေး တပုဒ်ထဲက တေးသွားစာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။ မလွမ်းပိုလို့ ပရိသတ်တွေကြား နာမည်ကြီးတဲ့ “မောင်ရှိရင်မငိုပါဘူး”သီချင်းကို တော့ တေးရေး ဝင့်နိုင်က ရေးဖွဲ့ပြီး အဆိုတော် မိုင်က သီဆိုထားခဲ့တာ ဖြစ်ပါတယ်။ ခုတခါမှာတော့ သမီးဖြစ်တဲ့ အဆိုတော် ရတနာမိုင်ရဲ့ ဆန်းသစ်သီဆိုဟန်နဲ့ မြန်မာ့ ရုပ်ရှင်ရာပြည့်ဖျော်ဖြေပွဲမှာ ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ “မလွမ်းပိုမငိုနဲ့တဲ့… မောင်ရှိရင်မငိုပါဘူးကွယ်… နေစိမ့်နိုင်သူကြီးရယ်… ဘယ်နေ့ ပြန်လာမလဲကွယ်… မလွမ်းပိုကြိုလှည့်မယ်… တကယ်ပဲလာမှာလားကွယ်… မောင်ရေ မောင်ရေ… မလွမ်းပိုလေး လွမ်းတိုင်းမျက်ရည်လည်… အလွမ်းတွေနဲ့ မလွမ်းပိုလေး… မောင့်ကိုစောင့်လို့ကြိုနေပါတယ်… မလွမ်းပိုရွှေရင်အသည်း… ရင်ကွဲအောင် ငိုတယ် ငို တယ်… အလွမ်းမကုန်တဲ့ မလွမ်းပိုလေး… နေ့စဉ်ရက်ဆက် မျှော်နေပါတယ်… ကျန်ခဲ့ သူဆိုတော့လည်း… မျှော်တိုင်းကွယ် မျှော်တိုင်းလွမ်းတယ်” ဒီသီချင်းကိုတော့ ၁၉၈၂ ခုနှစ်က ရွှေဉဒေါင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ခဲ့တဲ့ “ဒေါင်ဒေါင်မြည်တဲ့အသည်း”ရုပ်ရှင်ကားထဲမှာ ဇာတ်ဝင်တေးအနေနဲ့ အသုံးပြုခဲ့တာ ဖြစ် ပါတယ်။ ဒါရိုက်တာ ဝါဝါဝင်းရွှေက ကိုယ်တိုင်ဒါရိုက်တာအဖြစ် ရိုက်ကူးပြီး ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားထဲမှာတော့ သူနဲ့အတူ နာမည်ကြီးသရုပ်ဆောင် မင်း သားကြီး ညွန့်ဝင်း၊ ထွန်းထွန်းနိုင်၊ ကေသွယ်မိုးတို့က ပါဝင်ထားခဲ့ကြတာပါ။ ဒီကားဟာ ရုံ တင်ပြသချိန်မှာ မင်းသမီးကြီး ဝါဝါဝင်းရွှေကို ဇာတ်ကားထဲက ဇာတ်ကောင် ဘဲဉမအနေ နဲ့ ပရိသတ်တွေ တခဲနက် လက်ခံအားပေးခဲ့ကြတဲ့ ရုပ်ရှင်ကားတကားလည်း ဖြစ်ခဲ့ပါ တယ်။ အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်တေး သီချင်းအပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသပေးနေပြီး ဒီအစီအစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့ ၈ နာရီသတင်းအစီအစဉ်အပြီးမှာ ထုတ် လွှင့်နေတာ ဖြစ်ပါတယ်။ ခုတပတ်ရဲ့ ဖျော်ဖြေပွဲအမှတ်စဉ် ၈ မှာတော့ မြန်မာပြည်သိန်းတန်၊ ဟေမာနေဝင်း တို့နဲ့အတူ တူးတူး၊ အက်စ်ကဲနက်၊ ယုဇန၊ ရတနာမိုင်၊ ချယ်ရီသင်းတို့က Aurora တေးဂီ တအဖွဲ့နဲ့အတူ ဖျော်ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024