Homeမြန်မာသတင်း
ကိုဗစ်-၁၉ လူနာ ၁၃ ဦးထပ်မံသေဆုံး၊ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူပေါင်း ၁၁၃ ဦးရှိလာ
ကိုဗစ်-၁၉ လူနာ ၁၃ ဦးထပ်မံသေဆုံး၊ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူပေါင်း ၁၁၃ ဦးရှိလာ
DVB
·
September 22, 2020
အသက် ၈၀ အရွယ် လူနာ ၂ ဦးအပါအဝင် ၁၃ ဦးထပ်မံသေဆုံးသွားပြီး မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူပေါင်း ၁၁၃ ဦးရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၄ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသွားသူတွေကတော့ ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်နေတဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက် ၅၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၇၃ နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက် ၇၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦး၊ အသက် ၇၁ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၈၀ အရွယ် အမျိုးသား တစ် ဦးပါဝင်ပါတယ်။
ဒါ့အပြင် မြောက်ဥက္ကလာပဆေးရုံက အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၇၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ တောင်ဥက္ကလာပ အထူးကုဆေးရုံက အသက် ၇၁ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံက အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး၊ သင်္ကန်းကျွန်းစံပြဆေးရုံက အသက် ၈၀ အရွယ်အမျိုးသမီး တဦးနဲ့ ကိုဗစ်-၁၉ ကုသရေးဌာန ဖောင်ကြီးက အသက် ၇၂ အရွယ် အမျိုးသမီးတစ်ဦးတို့လည်း ပါဝင်ပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့ ဓာတ်ခွဲအတည်ပြုလူနာသစ် ၆၆၅ ဦးဖြစ်ပြီး စက်တင်ဘာ ၂၂ ရက် ညနေ ၄ နာရီခွဲ အထိမြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၆၄၇၀ ဦးနဲ့ သေဆုံးသူပေါင်း ၁၁၃ ဦး ရှိတယ်လို့လည်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။