Live
Home
မြန်မာသတင်း
မကွေးတွင် ၈ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၈ ဦး စံချိန်တင်တွေ့
DVB
·
September 20, 2020
မကွေးတိုင်း၊ မကွေးမြို့နယ်မှာ စက်တင်ဘာလ ၂၀ ရက်နေ့မနက်ပိုင်းက ၈ နှစ်အရွယ်ကလေး ၁ ဦးအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၈ ဦးအထိ စံချိန်တင်တွေ့ရှိခဲ့တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက DVB ကို ပြောပါတယ်။ “မကွေးမြို့နယ် ကြာကန်ရွာက ရန်ကုန်ပြန် ၅ ဦး၊ ဆာစည်ရပ်ကွက်က အတည်ပြုလူနာရဲ့ မိသားစုဝင် ၂ နဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့က ပြန်လာတဲ့သူ တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်တယ်။”  ကြာကန်ကျေးရွာက ရန်ကုန်ပြန် ၅ ဦး နဲ့ ရခိုင်ပြန် ၁ ဦးကို Facility Quantine ပြုလုပ်ထားတာဖြစ်ပြီး၊ ၂ ဦးကတော့ စက်တင်ဘာ ၁၉ ရက်နေ့မနက်ပိုင်းက ရောဂါပိုးတွေ့ရှိခဲ့တဲ့ ရန်ကုန်ပြန်အမျိုးသမီးရဲ့ မိသားစုဝင်တွေဖြစ်ပါတယ်။ ပိုးတွေ့လူနာသစ် ၈ ဦးမှာ အသက် ၈ နှစ်ကနေ ၇၃ နှစ်အထိ ပါဝင်တယ်။  အတည်ပြုလူနာတွေကို မကွေးတိုင်း ပြည်သူ့ဆေးရုံနဲ့ သင်ကြားရေးဆေးရုံတွေကို ပို့ဆောင်ကုသပေးမှာဖြစ်ပါတယ်။  လူနာနဲ့ ဆက်စပ်ခဲ့တဲ့သူတွေကို စုံစမ်းဖော်ထုတ်ပြီး Quarantine ထားရှိကာ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်တွေ ရယူကာ ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းက မြို့နယ် ၈ မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၄ ဦး တွေ့ရှိ့ခဲ့ပြီး ရောဂါပိုးကင်းစင်သူ ၃ ဦး၊ ဆေးရုံဆင်းလူနာ ၂ ဦးနဲ့ ၁၉ ဦးကတော့ ဆေးဝါးကုသမှု ခံယူနေတယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ သတင်း-မင်းထီး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024