Home
မြန်မာသတင်း
Master Chef Myanmar ဟင်းချက်ပြိုင်ပွဲ စက်တင်ဘာ ၂၀ တွင် စတင်မည်(ရုပ်သံ)
DVB
·
September 16, 2020
ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ နာမည်ကြီး Master Chef Myanmar ဟင်း ချက်ပြိုင်ပွဲကို လာမယ့် စက်တင်ဘာလ ၂၀ ရက်နေ့မှာ စတင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲကို ရုပ်သံရှိုးအစီအစဉ်တခုအနေနဲ့ MRTV-4 ရုပ်သံလိုင်းကနေ Season 1 နဲ့ Season 2 တို့ကို ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ကာ တင်တင်ဦးနဲ့ အာကာတို့က Winner ဆုတွေ အသီးသီးရရှိခဲ့ကြပါတယ်။ ခုလာမယ့် Season 3 မှာ ဝင်ရောက်ယှဉ်ပြိုင်လိုသူတွေကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ဖို့ MasterChef Myanmar  ကနေ ဖိတ် ခေါ်ထားခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် ပြိုင်ဘက်တွေကြား ဟင်းချက်စွမ်းရည် အဆင့်ဆင့်နဲ့ ယှဉ်ပြိုင်ကြရတဲ့ ဒီ အစီအစဉ်ရဲ့ Season ၂ ခုမှာ Jean Marc Lemmery ၊ ဦးရဲထွဋ်ဝင်း ၊ ဒေါ်ဖြူဖြူတင်နဲ့ Michel Louis Meca တို့က ဒိုင်တွေအနေနဲ့ အကဲဖြတ်အမှတ်ပေးခဲ့ကြတာဖြစ်ပြီး မှတ် ချက်တွေနဲ့အတူ ပရိသတ်တွေကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့တဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။ ခုလာမယ့် Season 3 ကိုတော့ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ ထုတ် လွှင့်တင်ဆက်ပေးသွားမှာဖြစ်ပြီး ဘယ်လိုအချက်အပြုတ်စွမ်းရည်တွေနဲ့ ပြိုင်ပွဲဝင်တွေ ပေါ်ထွက်လာဦးမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024