Home
မြန်မာသတင်း
ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၂၈၄ ဦးတွင် ရန်ကုန်က ၂၁၂ ဦးပါဝင်
ညီငယ်
·
September 15, 2020
စက်တင်ဘာလ ၁၄ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၄၄၅၀ကျော်ကို နှစ်သုတ်ခွဲစစ်ဆေးရာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၈၄ ယောက်တွေ့ရှိခဲ့ပြီး ဒီအထဲမှာ ရန်ကုန်က ၂၁၂ ယောက်ပါဝင်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။  ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၈၄ ယောက်စာရင်းမှာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က ၄၄ ယောက်နဲ့ အများဆုံးတွေ့ထားပါတယ်။ ရန်ကုန်က ပိုးတွေ့ လူနာ ၂၁၂ ယောက်ကို မြို့နယ်ပေါင်း ၃၄ မြို့နယ်တွေ့ရတာဖြစ်ပြီး အဲဒီအထဲက သင်္ဃန်းကျွန်းမြို့နယ်ကတော့ ရန်ကုန်ပိုးတွေ့လူ စာရင်းမှာ ၁၆ ယောက်နဲ့ အများဆုံး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စက်တင်ဘာ ၁၅ ရက် မနက်အထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း  ၃,၂၉၉ ဦး ရှိပြီး  ၃၂ ယောက် သေဆုံးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024