Home
ရုပ်သံ
ကိုရီးယား-မြန်မာချစ်ကြည်ရေးရုပ်ရှင် “တန်ဖိုး”ကို ၆၇ နိုင်ငံ၌ ပြသမည်(ရုပ်ရှင်နမူနာ)
DVB
·
September 15, 2020
ကိုရီးယားနဲ့ မြန်မာအနုပညာရှင်တွေ ပူးပေါင်းရိုက်ကူးထားတဲ့ တန်ဖိုးရုပ်ရှင်ကို အရှေ့တောင်အာရှနဲ့ အာဖရိက နိုင်ငံပေါင်း ၆၇ နိုင်ငံမှာ ပြသသွားမယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဒီကားရဲ့ ဒါရိုက်တာ ဂျွန်လရော်က “သတင်းကောင်းပါ မိတ်ဆွေတို့။ "တန်ဖိုး"ရုပ်ရှင်(အင်္ဂလိပ်လို ခေါင်းစဉ် MA MA) ကို အရှေ့တောင်အာရှ ၁၂ နိုင်ငံနှင့် အာဖရိကနိုင်ငံ ၅၅ နိုင်ငံမှာ မကြာမီအတွင်း ပြသ သွားဖို့ Celestial Tiger, thrill pay TV channel နှင့် သဘောတူလိုက်ပြီ ဖြစ်ကြောင်းပါ။ ပြသသွားမယ့် နိုင်ငံတွေကတော့...My Film (MA MA) will be shown in 67 countries across South East Asia and Africa via Tiger, thrill pay TV channel.”လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးပါတယ်။ ပြသသွားမယ့် နိုင်ငံတွေထဲမှာတော့ အရှေ့တောင်အာရှနိုင်ငံတွေထဲက ဟောင်ကောင်၊ မကာအို၊ စင်ကာပူ၊ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်အပါအဝင် ၁၂ နိုင်ငံပါဝင်ပြီး အာဖရိကနိုင်ငံတွေထဲမှာတော့ အန်ဂိုလာ၊ ကင်မရွန်း၊ ကွန်ဂို၊ ကင်ညာ၊ အီသီယိုပီးယား၊ မာလာဝီ၊ ဆီနီဂေါ၊ ရဝမ်ဒါ၊ ဆူဒန်၊ ဇင်ဘာဘွေ အပါအဝင် ၅၅ နိုင်ငံ ပါဝင်တယ်လို့ သိရပါတယ်။ တန်ဖိုးရုပ်ရှင်ကိုတော့ Hkakabo Razi Pictures ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ် လုပ်လိုက်တာဖြစ်ပြီး ဒီကားထဲမှာ လူငယ်တွေရဲ့ဘဝ၊ လူငယ်တွေရဲ့ ခံစားချက်တွေနဲ့ လူ ငယ်တွေကြားမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ ဒီနေ့ခေတ်မှာလူငယ်တွေဟာ မူးယစ်ဆေးဝါးရဲ့သားကောင်တွေ ဖြစ်လာကြတဲ့အတွက် မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေကို လမ်းမှားမရောက်ဖို့နဲ့ လူငယ်တွေအနေနဲ့ ကိုယ့်တန်ဖိုးကို ကိုယ်နားလည်သိရှိဖို့ သတင်းစကားပါးတဲ့အနေနဲ့ ဇာတ်ကားကို ဖန်တီး ထားတာလို့ သိရပါတယ်။ ဒီကားထဲမှာတော့ မြန်မာနာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ရန်အောင်၊ ထွန်းထွန်း၊ ဇင်ဝိုင်း၊ အေးမြတ်သူ၊ မို့မို့မြင့်အောင်၊ ခင်ဇာခြည်ကျော်နဲ့ တခြားသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြပါတယ်။        မြန်မာနိုင်ငံမှာတော့ ဒီရုပ်ရှင်ကားကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ရုံတင်ပြသခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024