စီရော်နယ်ဒိုလက်သစ် ပေါ်တိုတိုက်စစ်မှူးကို ဝုဗ်အသင်းက စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ခေါ် 

ဝုဗ်အသင်းဟာ စီရော်နယ်ဒိုလက်သစ်လို့ နာမည်ကြီးနေတဲ့ ပေါ်တိုတိုက်စစ်မှူး  ဖေဘီယို ဆေးလ်ဗားကို  ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပါတယ်။  အသက် ၁၈ နှစ်ပဲရှိသေးတဲ့ ဖေဘီယိုဆေးလ်ဗားအတွက် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၃၅ သန်းအထိ ပေးချေခဲ့ရတာပါ။  ပေါ်တူဂီကလပ် ပေါ်တိုအသင်းသမိုင်းတစ်လျှောက်မှာ အသက် ၁၇ နှစ်၊ ၂၂ ရက်နဲ့ ပွဲထွက်ခွင့်ရခဲ့တဲ့ ဆေးလ်ဗားကို စီရော်နယ်ဒိုလက်သစ်အဖြစ် မီဒီယာတွေက တင်စားခဲ့ကြတာပါ။  ပေါ်တိုအသင်းက စာချုပ်ဖျက်သိမ်ကြေးအဖြစ် ပေါင် ၁၁၂ သန်းအထိ စာချုပ်ချုပ်ဆို ထား ပေမယ့် ပေါင် ၃၅ သန်းနဲ့အပြီးသတ်ရောင်းချခဲ့တာဖြစ်ပါတယ်။  အရပ် ၆ ပေ ၁ လက်မရှိ တိုက်စစ်မှူး ဆေးလ်ဗားဟာ  ပြီးခဲ့တဲ့ရာသီက ပေါ်တိုအတွက် ၂၁ ပွဲ ကစားခဲ့ပြီး ၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up