မက်ဂယ်ဟက်စ်က အသင်းခံစစ်ပိုင်းကို တောင့်တင်းစေလိမ့်မည်ဟု အာဆင်နယ်နည်းပြ ချီးကျူး

နောက်ခံလူသစ် မက်ဂယ်ဟက်စ်ဟာ အသင်းခံစစ်ကို ပိုမိုတောင့်တင်းစေလိမ့်မယ်လို့ အဆင်နယ်ကလပ်အသင်း နည်းပြ အာတီတာက ချီးကျူးလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ပြင်သစ်ကလပ် လိုင်လီအသင်းက ဘရာဇီးနောက်ခံလူ ဂါဘရီယယ် မက်ဂယ်ဟက်စ်ကို ပေါင် ၂၇ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့တာပါ။  မက်ဂယ်ဟက်စ်ဟာ အသင်းခံစစ်ကို တောင့်တင်းစေမယ့် အရည်အသွေးတွေအများကြီး ရှိပြီး အလားအလာကောင်းတဲ့ ခံစစ်မှူးဆိုတာ လိုင်လီအသင်းမှာကတည်းက ပြသနိုင်ခဲ့ပြီး ဖြစ်တယ်လို့ နည်းပြ အာတီတာက ချီးကျူးပါတယ်။ အသင်းနည်းစနစ်ဒါရိုက်တာဖြစ်သူ ဘရာဇီးသား အီဒူးကလည်း မက်ဂယ်ဟက်စ်ကို ခေါ်ယူလိုတဲ့ အသင်းတွေ အများကြီးရှိခဲ့ပေမယ့် ခေါ်ယူနိုင်ခဲ့လို့ ကျေနပ်မိကြောင်း ပြောပါတယ်။  ဘရာဇီးသား မက်ဂယ်ဟက်စ်ကို တနိုင်ငံတည်းသားတွေဖြစ်တဲ့ ဒေးဗစ်လုဇ်နဲ့ ဝီလီယံတို့ကလည်း ကြိုဆိုကြောင်း ပြောပါတယ်။ အသက် ၂၂ နှစ်ရှိ မက်ဂယ်ဟက်စ်ဟာ ဘရာဇီး ယူ-၂၀ လက်ရွေးစင်ဖြစ်ခဲ့ဖူးပြီး လိုင်လီအသင်းအတွက် စုစုပေါင်း ၅၂ ပွဲမှာ ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up