လိုက်ပစ်ဇ်နောက်ခံလူ အူပါမီကာနိုကို ခေါ်ယူရန် မန်ယူနိုက်တက် ကြိုးပမ်း

အေဂျက်ဇ် ကွင်းလယ်လူ ဗန်ဒီဘိခ်ကို အပြီးသတ်ခေါ်ယူပြီးတာနဲ့ မန်ယူနိုက်တက်အသင်းဟာ လိုက်ပစ်ဇ် နောက်ခံလူ အူပါမီကာနိုကို ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူကို ပေါင် ၄၀ ဒသမ ၃ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီး အပြောင်းအရွှေ့ကိစ္စတွေကို ဒီသီတင်းပတ်ထဲမှာ အပြီးသတ်သွားမှာ ဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းရဲ့ ပစ်မှတ် ကစားသမားစာရင်းမှာ ဒေါ့မွန် တောင်ပံကစားသမား ဆန်ချို ရှိနေဆဲဖြစ်ပေမဲ့ ကစားသမားရဲ့ ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး သဘောတူညီချက် မရသေးပါဘူး။ မန်ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ရာသီသစ်အတွက် နောက်တန်းအားဖြည့်မှု လုပ်ဆောင်လိုနေပြီး လိုက်ပစ်ဇ်အသင်းက အူပါမီကာနိုကို စိတ်ဝင်စားနေတယ်လို့ ESPN သတင်းမှာ ဖော်ပြပါတယ်။ ဆိုးလ်ရှားဟာ အသင်းခေါင်းဆောင် မက်ဂွဲယားနဲ့ တွဲဖက်ကစားမယ့် ဗဟိုနောက်ခံလူ တစ်ဦးကို ဝယ်ယူဖို့ ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပြီး အောက်တိုဘာ ၅ ရက် အပြောင်းအရွှေ့မပိတ်ခင် နှစ်သင်းကြား သဘောတူညီချက်ရရှိနိုင်မယ်လို့လည်း ယူဆရပါတယ်။ အူပါမီကာနိုဟာ ပြီးခဲ့တဲ့ဇူလိုင်လကမှ လိုက်ပစ်ဇ်နဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါတယ်။ ဒါပေမဲ့ ဒီစာချုပ်မှာ ပေါင် ၃၇ ဒသမ ၆ သန်းတန် စာချုပ်ဖျက်သိမ်းကြေး ပါဝင်နေတယ်လို့ သိရပြီး ဒီအချက်ဟာ လာမယ့်နွေရာသီမှာ စတင်အကျုံးဝင်မှာလို့ ဂျာမနီသတင်းတွေမှာ ဖော်ပြပါတယ်။ မန်ယူနိုက်တက်အသင်းဟာ စမောလင်း၊ ဖီးလ်ဂျုံးနဲ့ ရိုဟိုတို့ကို ဒီအပြောင်းအရွှေ့မတိုင်ခင် အသင်းကနေ ရောင်းထုတ်သွားဖို့ရှိနေပြီး လင်ဒီလော့ဖ်နဲ ဘိုင်လေတို့ရဲ့ ခြေစွမ်းကို ဆိုးလ်ရှားက အားမရတာကြောင့် နောက်ခံလူသစ်တစ်ဦးကို ရှာဖွေနေတာပဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up