တောင်ဥက္ကလာက ကိုဗစ်-၁၉ ပိုးတွေ့လူနာ၏ မိသားစုဝင်များကို ကွာရန်တင်းစင်တာပို့
DVB
·
August 27, 2020
ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၂ ရပ်ကွက်၊ မာဃ (၆)လမ်းနေ ကိုဗစ်-၁၉ ပိုးတွေ့လူနာရဲ့ မိသားစုဝင်အပါအဝင် ၁၅ ဦးကို ရွှေပြည်သာရှိ ကွန်ပျူတာတက္ကသိုလ်သို့ ပို့ဆောင် ကွာရန်တင်းထားရှိပါတယ်။
ကွာရန်တင်းစင်တာသို့ ပို့ဆောင်ခဲ့တဲ့ ၁၅ ဦးထဲမှာ ၁၃ ဦးက မိသားစုဝင်တွေဖြစ်ပြီး ကျန် ၂ ဦးကတော့ သူဖွင့်လှစ်ထားတဲ့ ဆိုင်က ဝန်ထမ်းတွေဖြစ်ပါတယ်။
ပိုးတွေ့လူနာမှာ သင်္ဘောသားတစ်ဦးဖြစ်ပြီး သင်္ဘောပြန်တက်ဖို့ ဆေးစစ်ခဲ့ရာက ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး အဆိုပါလူနာကို မြောက်ဥက္ကလာပရှိ ဝေဘာဂီဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှုပေးနေကာ သူနေထိုင်တဲ့ လမ်းကိုလည်း ပိတ်ထားလိုက်ပါတယ်။
Photo - Ko Ye / MPA