ဒေါ်နယ်ထရမ့် သမ္မတရာထူးနှင့်မသင့်တော်ဟု အိုဘားမား ဝေဖန်

ဒေါ်နယ်ထရမ့်ဟာ သူရယူထားတဲ့ ရာထူးနဲ့ သိပ်မသင့်တော်ဘူးလို့   အမေရိကန် သမ္မတ ဟောင်း ဘားရက် အိုဘားမားက သြဂုတ်လ ၁၉ ရက်မှာ စကားလုံးတွေနဲ့ ထိုးနှက်လိုက်ပါတယ်။   အမေရိကန်ဒီမိုကရေစီ ရှင်သန်စေရေးအတွက် ဂျိုးဘိုင်ဒင်ကို  ထောက်ခံဖို့ လိုအပ်တယ်လို့ လည်း သမ္မတဟောင်း အိုဘားမားက ပြောဆိုခဲ့ပါတယ်။  ဖီလာဒဲဖီးယားမြို့ အမေရိကန်တော်လှန်ရေးပြတိုက်ကနေ တိုက်ရိုက်ထုတ်လွှင့်ရာမှာ  အိုဘားမားက ဘိုင်ဒန်နဲ့သူ နီးနီးကပ်ကပ်  အလုပ်လုပ်ခဲ့တဲ့အကြောင်း ပြောဆိုခဲ့ပြီး ထရမ့်နဲ့ ပတ်သက်လို့ ဗြောင်အကျဆုံး ဝေဖန်ခဲ့ပါတယ်။   အိုဘားမားရဲ့ စကားလုံးတွေဟာ သြဂုတ် ၁၇ ရက်က  ဇနီးဖြစ်သူ မီရှယ်အိုးဘားမား ပြော စကားနဲ့  ဆင်တူနေပါတယ်။  မီရှယ်အိုဘားမားက  ထရမ့်ဟာ    အခြေအနေကို နိုင်နိုင်နင်းနင်း မစွမ်းဆောင်နိုင်ဘူးဆိုတာ သက်သေပြနေပြီး  ကျမတို့လိုနေတဲ့ ပုဂ္ဂိုလ်မျိုး  မဖြစ်နိုင်ဘူးလို့ ပြောဆိုခဲ့တာပါ။  လာမယ့်နိုဝင်ဘာ ၃ ရက် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ထရမ့်ကို ယှဉ်ပြိုင်ဖို့    ဒီမိုကရက်သမ္မတလောင်းအဖြစ် ဂျိုးဘိုင်ဒင်ကို သြဂုတ် ၁၈ ရက်က တရား ဝင်ခန့် အပ်ခဲ့ပါတယ်။  ဘိုင်ဒင်ဟာ  ဒီမိုကရက်သမ္မတ အိုဘားမားလက်ထက်က  ဒုသမ္မတ တာဝန်ထမ်းဆောင်ဖူး တယ်လို့လည်း ရိုက်တာက ရေးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up