ဓာတ်ခွဲနမူနာ ၈၄၇ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ စောင့်ကြည့်လူနာသစ် ၂၀ ရှိ
DVB
·
July 31, 2020
ဓာတ်ခွဲနမူနာ ၈၄၇ ခုအား နှစ်သုတ်ခွဲစစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် မတွေ့ရှိဘဲ စောင့်ကြည့်လူနာသစ် ၂၀ ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၃၅၇ ခု၊ ဆေးသုတေသနဦးစီးဌာနက ၁၂၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၉၂ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၂၇၃ ခု၊ စုစုပေါင်း (၈၄၇) ခုအား စစ်ဆေးခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၅၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၉၅ ဦးထဲက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၂၈၀ နဲ့ စောင့်ကြည့်လူနာအသစ် အယောက် ၂၀ ရှိတယ်လို့ ဆိုပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၆၇၆၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၀ ဒသမ ၉ သန်းကျော်ရှိပြီလို့ သိရပါတယ်။