Live
Home
မြန်မာသတင်း
ဗြိတိန်၊ အမေရိကန်၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကရောက် မြန်မာ ၃၁၃ ဦး နေရပ်ပြန် 
DVB
·
July 27, 2020
ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေ၊ အမေရိကန်ပြည်ထောင်စု၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၃၁၃ ဦးကို  ကယ်ဆယ်ရေးလေယာဉ်နဲ့  တတိယအကြိမ် ထပ်မံပို့ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။  တတိယအကြိမ် ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်အဖြစ် ကာတာလေကြောင်းမှ စင်းလုံးငှား လေယာဉ်ဟာ လန်ဒန်-ဒိုဟာ-ရန်ကုန် ခရီးစဉ်အတိုင်း ဇူလိုင် ၂၇ ရက်မွန်းလွဲပိုင်းက  လန်ဒန်မြို့ ဟီးသရိုးလေဆိပ်မှ ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ သံဃာတော် (၂) ပါး အပါအဝင် သင်္ဘောသားတွေ၊ ကျောင်းသားတွေ၊ အစိုးရပညာတော်သင်တွေ၊ နိုင်ငံတကာ ကုမ္ပဏီဝန်ထမ်းတွေ၊ အလည်အပတ် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ၊ သံတမန်တွေ၊ ကျွမ်းကျင်ဝန်ထမ်းနဲ့ စီးပွားရေး လုပ်ငန်းဗီဇာ ကိုင်ဆောင်ထားတဲ့ နိုင်ငံခြားသားတွေ လိုက်ပါသွားတယ်လို့ သိရပါတယ်။ ဓာတ်ပုံ- MOFA

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024