ယီမင်နိုင်ငံတွင် ကလေးငယ် သောင်းချီ ဆိုးဆိုးရွားရွား အဟာရပြတ်နေ

ယီမင်နိုင်ငံမှာ  ထောင်သောင်းချီတဲ့ ကလေးငယ်တွေဟာ  လမ်းမလျှောက်နိုင်တော့ လောက်အောင် ဆိုးဆိုးရွားရွား အဟာရပြတ်လပ်နေလို့ ၁၀နှစ်သားအရွယ် ကလေးငယ်တချို့  ၉ ကီလိုသာ အလေးချိန်ရှိတော့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ယီမင်နိုင်ငံမှာ အငတ်ဘေးဆိုက်မယ့် စိုးရိမ်စရာအခြေအနေ ပြန်ပေါ်လာပြီပြီး စားနပ်ရိက္ခာ မလုံခြုံမှုက စိုးရိမ်စရာကောင်းလောက်တဲ့အဆင့်ကို ရောက်နေပြီလို့ ဇူလိုင် ၂၂ ရက်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂက အစီရင်ခံစာက ဆိုပါတယ်။ ယီမင်နိုင်ငံအတွင်း ငါးနှစ်ကြာစစ်ပွဲနောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်တွေ၊ ငွေလွှဲငွေပို့ကျဆင်းမှုတွေ၊ ကျိုင်းကောင်ပြဿနာတွေ၊ ရေလွှမ်းမိုးမှုနဲ့အကူအညီပေးရေး ရန်ပုံ ငွေတွေ သိသိသာသာ လျော့ကျတာတွေကြောင့် ဆာလောင်မွတ်သိပ်မှု ပြဿနာ ပိုဆိုးလာနေတာပါ။ ကုလသမဂ္ဂက ငြိမ်းချမ်းရေးရဖို့ အားထုတ်နေပေမယ့် လတ်တလော သီတင်းပတ်တွေ အတွင်း စစ်ဖြစ်နေတဲ့ အုပ်စုတွေရဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ်သားတွေ သေဆုံး ဒဏ်ရာရ နေကြပါတယ်။ ယီမင်နိုင်ငံမှာ အငတ်ဘေးကို ဘယ်တုန်းကမှ တရားဝင် မကြေညာပါဘူး။   ဖြစ်လုဆဲအငတ်ဘေးကို အရှိန်လျှော့ဖို့ တစ်လအတွင်း လူ ၁၃ သန်းကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP က ကျွေးနေ ရပါတယ်။ ယီမင်မှာ ကျန်းမာရေးနဲ့စီးပွားရေး ဖိအားတွေ မြင့်တက်နေပေမယ့် ကမ္ဘာ့အကြီးဆုံး အကူညီပေးရေးအဖွဲ့ကြီးဟာ ရန်ပုံငွေမလုံလောက်လို့ လုပ်ဆောင်ချက်တွေ လျှော့ချလာနေ ပါတယ်။ WFPဟာ ယီမင်မြောက်ပိုင်းမှာ စားနပ်ရိက္ခာအကူအညီပေးမှုကို ဧပြီလတည်းက ထက်ဝက် လျှော့ချခဲ့ရပြီး သြဂုတ်လကုန်မှာ ကလေး ၂သန်းခွဲအတွက် အာဟာရ တိုက်ကျွေးရေးအစီအစဉ် ရပ်သွားနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up