Live
Home
မြန်မာသတင်း
ဂျပန်ရောက်မြန်မာအမျိုးသား ၁ ဦး မဖွယ်မရာပြုလုပ်မှုဖြင့် ဖမ်းဆီးတရားစွဲခံရ
ဇော်ဇော်လှိုင်
·
July 17, 2020
ဂျပန်နိုင်ငံ၊ ယိုကိုဟားမားအနီးရှိ မီယာမအဲမြို့၊ မီယာဇာကီရပ်ကွက်မှာ နေထိုင်တဲ့ အသက်  ၂၈ နှစ်အရွယ် အလုပ်လက်မဲ့ မြန်မာအမျိုးသားတစ်ဦးကို မဖွယ်မရာပြုလုပ်မှု၊ ဒဏ်ရာရအောင်လုပ်မှု၊ လုယက်မှုတို့နဲ့ ဂျပန်ရဲတပ်ဖွဲ့က ပြန်လည် ဖမ်းဆီးပြီး တရားစွဲလိုက်တယ်လို့  ဒေသထုတ်  Kanagawa သတင်းစာမှာ ဖော်ပြပါတယ်။ စီရင်စုရဲတပ်ဖွဲ့ရဲ့ စံစမ်းစစ်ဆေးမှုအရ မတ်လ ၁၄ ရက်နေ့ မနက် ၁ နာရီ ကျော်လောက်က  အဆိုပါရပ်ကွက်အနီး နေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် ရုံးပြန်ဝန်ထမ်း ဂျပန်အမျိုးသမီးတဦးကို အဆိုပါမြန်မာအမျိုးသားက အတင်းအဓမ္မ မဖွယ်မရာပြုကျင့်ဖို့ ကြိုးပမ်းခဲ့ပြီး ကိုယ်ခန္ဓာ အောက်ပိုင်းတစ်ဝက်ကို ဒဏ်ရာရရှိစေခဲ့တယ်လို့ သတင်းစာမှာ ရေးပါတယ်။ အဆိုပါမြန်မာအမျိုးသားဟာ ဇွန်လ ၄ ရက်နေ့ကလည်း အသက်၂၆ နှစ်အရွယ် တခြားဂျပန်ရုံး၀န်ထမ်းအမျိုးသမီးတစ်ဦးကို   မဖွယ်မရာကိုင်တွယ်မှုသံသယနဲ့  ရဲက ပထမအကြိမ် ဖမ်းဆီးခဲ့ပြီး အခု ဇူလိုင်လ ၁၆ ရက်နေ့မှာ နောက်တကြိမ် ထပ်မံ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်၊၊ တိုကျိုမြို့နေ မြန်မာအမျိုးသမီးတဦးဖြစ်တဲ့ မတင်တင်ဝင်းက “ ဂျပန်နိုင်ငံမှာက အမျိုးသမီးတွေဟာလည်း ည ၁ နာရီ ၂ နာရီ လောက်အထိ အလုပ်လုပ်ရတာတွေရှိပြီး တယောက်တည်းစားသောက်သွားလာကြတာ၊ နောက်ဆုံးရထားနဲ့ သွားလာကြတာ ပုံမှန်ရှိနေကျပါ။ တချို့ နိုင်ငံခြားသားအမျိုးသားတွေက ဒါကို အခွင့်အရေးယူချင်တတ် ကြပါတယ်”လို့ ဒီဗွီဘီကို ပြောပြပါတယ်၊၊ ဖမ်းဆီးခံရတဲ့ မြန်မာအမျိုးသားအနေနဲ့ ပုဒ်မ ၂၄၃ အရ အမှုစွဲချက်တင်ခံရပြီး  အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ရင် အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024