အော်စကာဆုရ ကိုရီးယားရုပ်ရှင် “Parasite”ကို အဖြူအမည်းဗားရှင်းဖြင့် ဆန်းသစ်ပြသမည်(နမူနာ)

ပြီးခဲ့တဲ့ နှစ်က အော်စကာဆုတွေ သိမ်းပိုက်ရယူနိုင်ခဲ့တဲ့ ကိုရီးယားနာမည်ကြီး ရုပ်ရှင် “Parasite” ကို အဖြူအမည်းရုပ်ရှင်ကားတကားအနေနဲ့ ဆန်းသစ်ပြီး ဗြိတိန်နိုင်ငံ မှာ ပြသသွားဖို့ ရှိနေပါတယ်။  ဒီကားကိုတော့ တောင်ကိုရီးယားရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ CJ Entertain- ment က တင်ဆက်လိုက်တာဖြစ်ပြီး ကိုရီးယား ရုပ်ရှင်ဒါရိုက်တာ Bong Joon-ho က ရိုက်ကူး ပုံဖော်ပေးထားပါတယ်။ ဒီကားထဲမှာတော့ ကိုရီးယားသရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Song Kang-hoe၊ Lee Sun-kyun၊ Cho Yeo-jeong၊ Choi Woo-shik နဲ့ Park So-dam တို့က ခေါင်းဆောင် ပါဝင်ထားခဲ့ကြတာပါ။ ဒီရုပ်ရှင်ဟာ လတ်တလော ပြဿနာတခုလိုဖြစ်နေတဲ့ ကမ္ဘာတဝန်း ချမ်းသာတဲ့ လူတန်းစားနဲ့ ဆင်းရဲတဲ့ လူတန်းစား နှစ်ခုအကြားက ကြီးမားတဲ့ ကွာဟချက်ကြောင့် ဖြစ် ပေါ်လာတဲ့ တင်းမာမှုတွေကို ဒါရိုက်တာ Bong Joon-ho က ခိုင်ခိုင်မာမာ ထုတ်ဖော်ပြသနိုင်ခဲ့တယ်လို့ ရုပ်ရှင်ဝေဖန်ရေးသမားတွေက ချီးကျူးခဲ့ကြတာပါ။ နောက်ပြီးတော့ ဒီကားဟာ နာမည်ကြီးရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Cannes ရုပ်ရှင် ပွဲတော်ရဲ့ Palme d’Or ဆုကိုလည်း ရရှိခဲ့ပါတယ်။ ၉၂ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာတော့ ဒီကားက အကောင်းဆုံး ရုပ်ရှင် ဇာတ်ကားဆုအပါအဝင် Best Director ၊ Best Original Screenplay ၊ Best International Feature Film စတဲ့ဆုတွေ ရရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၁၁ သန်းလောက် အကုန်အ ကျခံ ရိုက်ကူးထားပါတယ်။ Box office မှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၆၆ သန်း ရရှိခဲ့တဲ့ ဒီကားဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ကားတ ကား လည်း ဖြစ်ခဲ့ပါတယ်။  လတ်တလောမှာတော့ ဒီကားကို ဗြိတိန်နိုင်ငံမှာ ဦးဦးဖျားဖျား အဖြူအမည်းရုပ်ရှင် ကားအဖြစ် အွန်လိုင်းမီဒီယာပလက်ဖောင်းတခုဖြစ်တဲ့ Curzon Home Cinema ကတ ဆင့် ကြည့်ရှုနိုင်မှာဖြစ်ပြီး ရုပ်ရှင်ရုံတွေ ပြန်ဖွင့်မယ်ဆိုရင်တော့ ရုံတွေမှာလည်း ပြသ သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up