Homeမြန်မာသတင်း
ဖားကန့်မြေပြိုမှု တပ်မှူးနှင့်နယ်လုံဝန်ကြီးကို အရေးယူရန် ဆောင်ရွက်နေဟု တပ်မတော်ထုတ်ပြန်
ဖားကန့်မြေပြိုမှု တပ်မှူးနှင့်နယ်လုံဝန်ကြီးကို အရေးယူရန် ဆောင်ရွက်နေဟု တပ်မတော်ထုတ်ပြန်
DVB
·
July 6, 2020
ဖားကန့်မြေပြိုတာအတွက် လုံခြုံရေးဆိုင်ရာ အဓိကတာဝန်ရှိတဲ့ တပ်မှူးတယောက်နဲ့ ကချင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးကို အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဆိုပါတယ်။
မြေပြိုပြီးနောက်နေ့ ဇူလိုင် ၃ ရက်နေ့ကပဲ သူတို့ကို မူလစစ်ဘက်တာဝန်တွေ ပြန်လည် ထမ်းဆောင်စေထားတယ်လို့ ဆိုပါတယ်။
သူတို့ကို လိုအပ်သလို အရေးယူဖို့လည်း တပ်မတော်က ဆောင်ရွက်နေပြီး လစ်လပ်သွားတဲ့ ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးနေရာအတွက် အစားထိုး ခန့်အပ်နိုင်ရေး လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဖားကန့်မြို့နယ်၊ ဝှေခါရွာနားက ကျောက်မျက်လုပ်ကွက်ထဲမှာ ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်းက မြေပြိုကျခဲ့ပြီး ရေမဆေးကျောက်ရှာသူ ၁၇၂ ယောက် သေဆုံး၊ ၅၄ ယောက် ဒဏ်ရာရပြီး ပျောက်ဆုံးနေသူတွေလည်း ရှိပါတယ်။