Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၂,၀၁၈ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ ရောဂါပိုးကင်းစင်သူ ၂၁၁ ဦးရှိ
DVB
·
June 26, 2020
ဇွန် ၂၅ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၂,၀၁၈ ခုအား နှစ်သုတ်ခွဲ စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် မတွေ့ဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီမှာ ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲ နမူနာ ၁,၃၂၇ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၂၁၉ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၁၀၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ဓာတ်ခွဲနမူနာ ၂၇၂ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် ၁ တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၉၅ ခု၊ စုစုပေါင်း (၂,၀၁၈) ခု အား စစ်ဆေးခဲ့တာပါ။  မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၂၉၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ဓာတ်ခွဲအတည်ပြုလူနာဟောင်း လူနာအမှတ် ၂၁၆၊ ၂၃၅ နဲ့ ၂၄၂ တို့မှာ ၂ ကြိမ်ဆက် ပိုးမတွေ့ရှိတာကြောင့် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၂၁၁ ဦးရှိပါသည်။  အဲဒီထဲက ၁၉၅ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကာ သတ်မှတ်နေရာတွေမှာ အသွားအလာ ဆက်လက်ကန့်သတ် စောင့်ကြပ်ကြည့်ရှုနေပြီး စောင့်ကြည့်လူနာအသစ် ၂၄ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၄ သိန်း ၉ သောင်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၅ ဒသမ ၂ သန်းကျော်ရှိတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024