Home
မြန်မာသတင်း
မုံရွာဆေးရုံကြီးတွင် တရုတ်နိုင်ငံကပြန်လာသည့် စောင့်ကြည့် လူနာ ၁ ဦး သေဆုံး
Aung Ko Latt
·
June 25, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ရွာမွန်ရွာကနေ မုံရွာကုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးမှာ လာရောက်ဆေးကုသမှုခံယူနေတဲ့  အသက် ၂၀ အရွယ် လူငယ်အမျိုးသား တစ်ဦး  ဇွန်လ ၂၅ ရက် ညနေ ၃ နာရီဝန်းကျင်အချိန်က သေဆုံးသွားပါတယ်။ သေဆုံးသူက ပြီးခဲ့တဲ့ လပိုင်းက တရုတ်နိုင်ငံက ပြန်လာသူဖြစ်ပြီး ဘုတလင်မြို့မှာ Facility Quarantine ၂၁ ရက် ဝင်ရောက်ခဲ့ပြီး Home Quarantine  သီတင်း တစ်ပတ်ဝင်ရောက်နေစဉ် ဖျားနာတာကြောင့် ဇွန်လ ၂၄ ရက်နေ့က မုံရွာဆေးရုံကြီးကို လာရောက်ပြီး ဆေးရုံတက် ဆေးကုသမှုခံယူခဲ့တာပါ။  Facility Quarantine ဝင်ရောက်စဉ်က နှာခေါင်းအာခေါင်တို့ဖတ်  ဓာတ်ခွဲနမူနာ ရယူကာ စစ်ဆေးရာမှာတော့ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရဘူးလို့ သိရပါတယ်။ လက်ရှိသေဆုံးတာက အဆုပ်နဲ့ ဆက်စပ်တဲ့ ရောဂါကြောင့်သေဆုံးတာလို့ ကနဦးသိရပြီး SWAB ရယူကာ မန္တလေးဓာတ်ခွဲခန်းကို ထပ်မံပို့ဆောင်ထားတယ်လို့ သိရပါတယ်။ အဖြေကိုတော့ မနက်ဖြန်လောက်မှ သိရမယ်လို့လည်း မုံရွာဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောပါတယ်။ သေဆုံးသူအလောင်းကိုတော့ မုံရွာမြို့ ဆားကျင်းသုဿန်မှာ မီးသင်္ဂြိုလ်ထားပြီးဖြစ်ပါတယ်။ နာရေးကိစ္စ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဒေဝဂတိ လူမှုကူညီရေးအသင်းဝင် စေတနာ့ဝန်ထမ်း ၄ ဦးကလည်း Facility Quarantine ဝင်ဖို့ ပြင်ဆင်နေပါတယ်။ သင်္ချိုင်းကိုပို့ဆောင်ပေးခဲ့တဲ့ နာရေးကားတွေကိုလည်း မီးသတ်နဲ့ တခြား လူမှုရေးအဖွဲ‌့တွေက ပိုးသတ်ဆေးဖျန်းတာတွေ ပြုလုပ်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024