ဇာတ်လမ်းတပုဒ်လို ခံစားနားဆင်ကြရမည့် တေးသံရှင်ဝိုင်ဝိုင်းသီချင်း-“မိုးတွေရွာတုန်း”(ရုပ်သံ)
DVB
·
June 25, 2020
“မိုးတွေရွာတုန်းက ဒီလမ်းမပေါ်မှာ… တို့တွေဆုံခဲ့ကြ ဒီလမ်းမပေါ်မှာ… ထီးလေး တချောင်း အစပြုကာ… တို့နှစ်ယောက်ရဲ့ အချစ်တို့မွေးဖွား… မိုးတွေရွာတုန်းက ဒီလမ်းမပေါ်မှာ… တို့အတူပျော်ခဲ့ကြ ဒီလမ်းမပေါ်မှာ… ထီးလေးတချောင်း အမိုးအောက်မှာ… ငါ့အတွက်တော့ သိပ်ကိုပျော်စရာ”
ဒါကတော့ မိုးရာသီကာလ ပုံစံတမျိုးနဲ့ ဇာတ်လမ်းတပုဒ်လို ခံစားနားဆင်ကြရမယ့် အဆိုတော် ဝိုင်ဝိုင်းရဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။
တေးရေး အောင်ကိုမြင့်က ရေးစပ်ပေးထားတဲ့ ဒီသီချင်းရဲ့ နာမည်ကိုတော့ “မိုးတွေ ရွာတုန်း”လို့ အမည်ပေးထားခဲ့တာ ဖြစ်ပါတယ်။
အဆိုတော် ဝိုင်ဝိုင်းဟာ ဆယ်စုနှစ်နဲ့ချီ မြန်မာ့ဂီတလောကမှာ တေးသီချင်းတွေ များစွာ သီဆိုအောင်မြင်ခဲ့တဲ့ အနုပညာရှင်တယောက်ဖြစ်ပြီး ကြိုးမဲ့စွန်၊ လမင်းနဲ့ပင် လယ်၊ အချစ်ငှက်၊ သမင်လည်ပြန်၊ ထာဝရ၊ အတုံ့အလှည့်၊ ခရီးရှည်စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်ပေါင်းများစွာ ထွက်ရှိထားခဲ့သူပါ။
နာမည်ကြီးရော့ခ်တေးဂီတအဖွဲတဖွဲ့ဖြစ်တဲ့ အိုင်းရင်းခရော့စ်တေးဂီတအဖွဲ့နဲ့အတူ ဂီတလောကမှာ နှစ်ပေါင်းများစွာ လျှောက်လှမ်းလာခဲ့တဲ့တလျှောက် တေးဂီတဖျော် ဖြေပွဲပေါင်းများစွာမှာလည်း သီဆိုအောင်မြင်ခဲ့သူ ဖြစ်ပါတယ်။
မဆုံတဲ့ဖူးစာ၊ ကြိုးမဲ့စွန်၊ ဝဋ်ကြွေး၊ လမင်းနဲ့ပင်လယ်၊ စည်း၊ ဖြေသိမ့်လိုက်၊ အ ချစ်ငှက်စတဲ့ သီချင်းတွေကတော့ သူ့ကို ဝိုင်ဝိုင်းရယ်လို့ ပရိသတ်တွေ အသိအမှတ်ပြု လက်ခံခဲ့ရတဲ့ သီချင်းတွေပဲ ဖြစ်ပါတယ်။
“ဟေး .. ခဏလေး အခိုက်တန့်ပါလား… မိုးရေတွေ ရင်မှာ… အကြင်နာတို့ ထဲမှာ မျှောပါ… ဟေး...ခဏလေး ခဏလေးပါလား… ပျော်ရွှင်ကြည်နူးသမျှတွေ… မိုးရေ... မိုး ရေတွေထဲမှာ”
ဒီသီချင်းကတော့ သူ့ရဲ့နောက်ဆုံးထွက် တေးအယ်လ်ဘမ် ခရီးရှည်ထဲမှာ ပါဝင်ခဲ့တဲ့ သီချင်းတပုဒ်ဖြစ်ပြီး မြူးဇစ်ဗွီဒီယိုအနေနဲ့ ထွက်ရှိလာခဲ့တာပါ။
ဒါရိုက်တာ သော်ဇင်ထက်က ရိုက်ကူးပေးထားတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဝိုင် ဝိုင်းနဲ့အတူ မော်ဒယ်သရုပ်ဆောင် လင်းအောင်ခေတ်နဲ့ ယွန်းဝင့်လွှာအောင်တို့က ပါဝင် သရုပ်ဆောင်ပေးထားကြတာ ဖြစ်ပါတယ်။