ဂုတ်တွင်းလမ်းပိုင်းတွင် ခရီးသည်တင် Express ကားမှောက် ၃ ဦးသေ၊ ၁၃ ဦးဒဏ်ရာရ
DVB
·
June 17, 2020
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ မန္တလေး-လားရှိုးသွားကားလမ်း၊ ပြည်ထောင်စုလမ်းမကြီး၊ ဂုတ်တွင်းလမ်းပိုင်းမှာ ဒီနေ့မနက် ခရီးသည်တင် Express ကားတစ်စီး တိမ်းမှောက်ပြီး ၃ ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရသွားတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဇွန်လ ၁၇ ရက် မနက် ၃ နာရီခွဲလောက်က ဂုတ်တွင်းလမ်းပိုင်း၊ မိုင်တိုင်အမှတ်(၈၃/၈၄) အကြားမှာ Express ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်လို့ အောက်ကွေ့ကို ထိုးကျ တိမ်းမှောက်ခဲ့ကြောင်း သတင်းရရှိလို့ နောင်ချိုမြို့နယ်မီးသတ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ စုစုပေါင်း ၁၆ ဦးအနက် အမျိုးသား ၂ ဦး အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရှိသူ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၃ ဦးကို ဖြူစင်မေတ္တာပရဟိတအသင်း လူနာတင်ယာဉ်နဲ့ နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ- FSD