Home
မြန်မာသတင်း
မောင်တောတွင် ငွေကျပ် ၁ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးများ ဖမ်းမိ
DVB
·
June 16, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာက နေအိမ်တစ်လုံးမှာ ဇွန် ၁၄ ရက် ည ၇ နာရီလောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတင်းအရ ဝင်ရောက် စစ်ဆေးရာ ကျပ်ငွေ  ၁ ဘီလီယံ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းမိပါတယ်။ ကြိမ်ချောင်းကျေးရွာက နေအိမ်ကို နယ်ခြားစောင့်တပ်ဖွဲ့က ဝင်ရောက်စီးနင်း ရှာဖွေစဉ် ဦးမောင်ဖြူ (၄၃ နှစ်)ကို WY နဲ့ R စာတမ်းပါ မူးယစ်ဆေးပြား ၆၇၄,၅၀၀ ပြား ကို မူးယစ်ဆေးတင်ဆောင်လာတဲ့ ISUZU ကားနဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။ မူးယစ်ဆေးတွေနဲ့အတူ ဖမ်းမိတဲ့ ဦးမောင်ဖြူကို စစ်ဆေးချက်အရ မူးယစ်ဆေးပိုင်ရှင်မှာ မောင်တောမြို့နယ်တောင်ပိုင်း ရွှေရင်အေးကျေးရွာနေ ကျော်စိန်မောင် ၄၄ ဖြစ်ပြီး ကြိမ်ချောင်းကျေးရွာရှိ မိမိနေအိမ်တွင်မှာ သိုဝှက်ဖို့ ယူဆောင်လာတာလို့ ထွက်ဆိုချက်အရ ဦးမောင်ဖြူနဲ့ ထွက်ပြေးတိမ်းရှောင်နေသူ ကျော်စိန်မောင်တို့ နှစ်ဦးကို ကြိမ်ချောင်းရဲစခန်းမှာ မူးစိတ်ဥပဒေပုဒ်မ ၁၉(က)/၂၁နဲ့ အမှုဖွင့်အရေးယူထားပါတယ်။ မေလ ၃၀ ရက်ကလည်း မောင်တောမြို့နယ်၊ မြို့မကညင်တန်း(အလယ်)ကျေးရွာကနေ ငွေကျပ် ၁၄ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၇၀၉၀,၇၀၀ ပြား သိမ်းဆည်းရမိခဲ့ပါတယ်။ မေလ ၃၁ ရက်မှာလည်း မောင်တောမြို့နယ်၊ ကံသာယာကျေးရွာမှာ စိတ်ကြွ ဆေးပြား၂၄၃၇၅၀၀ ပြားနဲ့ ပစ္စတိုသေနတ်တစ်လက်ပါ ဖမ်းမိခဲ့သလို ဇွန် ၁၁ ရက်နေ့ကလည်း မြန်မာဘက်ခြမ်းမှ နယ်စပ်ခြံစည်းရိုးကို ကျော်တက်နေသူ မသင်္ကာဖွယ်ရာ လူ ၂ ဦးကို တွေ့ရှိတဲ့အတွက် ဖမ်းဆီးစစ်ဆေးရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၄၁,၂၅ဝ ပြားများကို သိမ်းဆည်းရမိခဲ့ပါတယ်။ သတင်း - လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024